CLL Health ကျန်းမာသုတ
Hypertension (သွေးတိုးရောဂါ)
သွေးတိုးရောဂါသည် ခန္ဓာကိုယ်ရှိ သွေးကြောများနှင့် နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်စသည်တို့ကို ထိခိုက်စေနိုင်သည့် ရောဂါဖြစ်သည်။ မကူးစက်နိုင်သော နာတာရှည်ရောဂါများအနက် အဖြစ်များဆုံး ရောဂါများတွင် ပါဝင်သည်။
Hypervitaminosis A (ဗီတာမင်အေအဆိပ်သင့်ခြင်း)
ဗီတာမင်အေသည်ခန္ဓာကိုယ်အတွက် အရေးပါသော်လည်း လိုအပ်သည်ထက်ပိုများနေလျှင် ဘေးထွက်ဆိုးကျိုးများ၊ အဆိပ်သင့် လက္ခဏာများဖြစ်ပေါ်လာနိုင်သည်။
Hallucination (လှုံ့ဆော်မှုမဲ့အာရုံမှား)
ပြင်ပလှုံ့ဆော်မှုမရှိဘဲ အာရုံ (၅)ပါးအနက် တစ်မျိုးမျိုးတွင် အမှန်တကယ်ဖြစ်ပေါ်နေသကဲ့သို့ ခံစားရခြင်းဖြစ်သည်။
HbA1c (ဟီမိုဂလိုဘင် အေဝမ်းစီ စစ်ဆေးခြင်း)
ဆီးချိုရောဂါ အမည်သတ်မှတ်ရန်နှင့် ဆီးချိုရောဂါလူနာများတွင် သုံးလအတွင်း သွေးတွင်းသကြားဓါတ် ထိန်းချုပ်နိုင်မှု အခြေအနေ သိရှိရန် စစ်ဆေးခြင်းဖြစ်သည်။
Hand, foot and mouth disease (ခြေ၊ လက်၊ ပါးစပ်နာရောဂါ)
ကူးစက်လွယ်ပြီး ကလေးများတွင် အစုအပြုံလိုက်ဖြစ်ပွါးတတ်သော ဗိုင်းရပ်စ်ရောဂါတစ်ခုဖြစ်သည်။ အနာများကြောင့် ကလေးကော၊ မိဘများပါ စိတ်အနှောင့်အယှက် ဖြစ်တတ်သော်လည်း ပြင်းထန်သော နောက်ဆက်တွဲပြဿနာများမရှိဘဲ အချိန်တစ်ခုကြာလျှင် သက်သာပျောက်ကင်းလေ့ရှိသည်။
Haemorrhagic disease of newborn (ဗီတာမင် ကေ ချို့တဲ့ခြင်းကြောင့် မွေးကင်းစကလေးသွေးထွက်ခြင်း)
မွေးကင်းစကလေးများတွင် ဗီတာမင် ကေ ချို့တဲ့ပါက သွေးထွက်လွယ်၍ ဦးနှောက်ထိခိုက်ခြင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြစ်ခြင်းနှင့် အသက်ဆုံးရှုံးစေခြင်းအထိ ဖြစ်ပေါ်စေနိုင်သဖြင့် ထိရောက်စွာ ကာကွယ်နိုင်ရန် မွေးကင်းစကလေးတိုင်းကို မွေးပြီးပြီးချင်း ဗီတာမင် ကေ ထိုးပေးသင့်သည်။