CLL HEALTH ကျန်းမာသုတ

Faltering growth in children (ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်း သို့မဟုတ် ရပ်တန့်နေခြင်း)
ကလေးများ ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်း၏ အဓိကအကြောင်းရင်းမှာ စားသုံးသော အစာအာဟာရမှ ကယ်လိုရီ လုံလောက်စွာ မရရှိခြင်းဖြစ်သည်။
Fibroadenoma breast (ဖိုင်ဘရို အဒီနိုးမား ရင်သားအကျိတ်)
ဖိုင်ဘရို အဒီနိုးမားသည် ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်အမျိုးအစားဖြစ်ပြီး အရွယ်အစားကြီးမားပါက ခွဲစိတ်ကုသရန် လိုအပ်သည်။
Fetal Macrosomia (သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်း)
မျိုးဗီဇကြောင့်ဖြစ်စေ၊ ကိုယ်ဝန်ဆောင်မိခင်၏ ရောဂါများကြောင့်ဖြစ်စေ သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်းကို ဖြစ်စေနိုင်သဖြင့် မိခင်တိုင်း ပုံမှန်ကိုယ်ဝန်စောင့်ရှောက်မှု ခံယူသင့်သည်။
Fibromyalgia (နာတာရှည် ကြွက်သားနာကျင်သောရောဂါ)
အကြောင်းရင်း အတိအကျမရှိသော နာတာရှည် ကြွက်သားနာကျင်သောရောဂါသည် နေ့စဥ်ဘဝလှုပ်ရှားသွားလာမှုများကို ထိခိုက်နိုင်ပြီး ကုသရန်လည်း ခက်ခဲနိုင်သည်။
Facial injuries (မျက်နှာ ထိခိုက်ဒဏ်ရာများ)
မျက်နှာဒဏ်ရာများသည် မတော်တဆမှုများကြောင့် အများဆုံးဖြစ်ပွါးပြီး သာမန်အသေးစားဒဏ်ရာမှ ပြင်းထန်ဒဏ်ရာများအထိ ဖြစ်နိုင်သလို နောက်ဆက်တွဲအနေဖြင့် မျက်နှာပုံပန်းသွင်ပြင် ပျက်ယွင်းခြင်းနှင့် အစာစားခြင်း၊ စကားပြောခြင်း၊ မျက်နှာအမူအရာများ ပြုလုပ်ခြင်းများကိုပါ ခက်ခဲစေနိုင်သည်။
Fasting Before Surgery (ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့် အရည် ကြိုတင်ရှောင်ခြင်း)
ကြိုတင်ပြင်ဆင်ထားသော ခွဲစိတ်ကုသမှုလိုအပ်သည့် လူနာများတွင် ခွဲစိတ်မှုမပြုလုပ်မီ အချိန်အတိုင်းအတာတစ်ခုအတွင်း အစာနှင့်အရည်များကို မစားမသောက်ဘဲ နေရခြင်းဖြစ်သည်။



