CLL Health ကျန်းမာသုတ
Trachoma (မျက်ခမ်းစပ်ရောဂါ)
မျက်ခမ်းစပ်ရောဂါသည် ဘက်တီးရီးယားပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် မျက်စိကွယ်သည်အထိ ဖြစ်စေနိုင်သောရောဂါတစ်မျိုးဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးများဖြင့် စောစီးစွာကုသလျှင် ပျောက်ကင်းသက်သာနိုင်သည်။
Hypertrophic Pyloric Stenosis (အစာအိမ်ထွက်ပေါက်ကြွက်သားထူလာပြီး ကျဥ်းမြောင်းခြင်း)
အစာအိမ်နှင့်အူသိမ်ကို ဆက်ထားသောနေရာရှိ ကြွက်သားထူလာပြီး အစာအိမ်ထွက်ပေါက် ကျဥ်းမြောင်းလာသော အခြေအနေဖြစ်ပြီး ခွဲစိတ်ကုသခြင်းဖြင့်သာ သက်သာပျောက်ကင်းနိုင်သည်။
Hypospadias (မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း)
မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်းသည် အူကျွံခြင်း၊ ကပ်ပယ်အိတ်ထဲသို့ ဝှေးစေ့ အပြည့်အဝမကျဆင်းခြင်း စသည့်အခြေအနေများနှင့် တွဲ၍ဖြစ်ပေါ်တတ်ပြီး ခွဲစိတ်ပြုပြင်ရန် လိုအပ်သည်။
Varicose Veins of Lower Limb (ခြေထောက်သွေးပြန်ကြောထုံးခြင်း)
ခြေထောက်သွေးပြန်ကြောထုံးခြင်းဆိုသည်မှာ ပေါင်၊ ခြေသလုံးနှင့် ခြေချင်းဝတ်ရှိ အပေါ်ယံသွေးပြန်ကြောများ တဖြည်းဖြည်း ဖောင်းကား တွန့်လိမ်လာသောရောဂါဖြစ်ပြီး အန္တရာယ်မရှိသော်လည်း နာကျင်ခြင်း၊ လေးလံမှုကို ခံစားရခြင်းနှင့် အခြားနောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။
Henoch-Schonlein Purpura (HSP) or IgA vasculitis (ဟီးနော့ရှောလိုင်း သွေးကြောရောင်ရောဂါ)
သွေးကြောငယ်များ ရောင်ရမ်းခြင်းကြောင့် ခန္ဓာကိုယ်ရှိ အရေပြား၊ အရိုးအဆစ်၊ အူနှင့် ကျောက်ကပ်တို့ကို ထိခိုက်သောရောဂါဖြစ်ပြီး ကလေးများတွင် ပို၍အဖြစ်များသည်။
Juvenile Idiopathic arthritis (ကလေးများတွင်ဖြစ်ပွါးသော နာတာရှည်အဆစ်ရောင်ရောဂါ)
နာတာရှည်အဆစ်ရောင်ရောဂါသည် လူကြီးများတွင်သာမက ကလေးများတွင်လည်း ဖြစ်ပွါးတတ်ပြီး ရေရှည် စနစ်တကျ ဆေးဝါးကုသမှုခံယူရန်လိုအပ်သည်။