CLL Health ကျန်းမာသုတ
Mole and melanoma (မှဲ့ နှင့် မှဲ့ကင်ဆာ)
မှဲ့သည် အရေပြားတွင် တွေ့ရလေ့ရှိသော အမှတ်အသားတစ်ခု ဖြစ်သည်။ မှဲ့အများစုသည် အန္တရာယ်မရှိသော်လည်း အချို့မှဲ့များသည် ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
Myasthenia gravis in children (မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ)
မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါသည် အာရုံကြောနှင့် ကြွက်သားများ ဆုံသည့်နေရာတွင် ဆက်သွယ်လုပ်ဆောင်မှုကို ထိခိုက်သောရောဂါတစ်မျိုး ဖြစ်သည်။
Measles (၀က်သက်ရောဂါ)
၀က်သက်ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမှ ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး ကလေးများတွင် အဖြစ်များ၍ ပြင်းထန်နိုင်သော်လည်း ကာကွယ်ဆေးဖြင့် ထိရောက်စွာ ကာကွယ်နိုင်သော ရောဂါဖြစ်သည်။
Migraine (ခေါင်းတစ်ခြမ်းကိုက်ရောဂါ)
ဦးခေါင်းတစ်ခြမ်းတွင်သာ အပြင်းအထန် ထိုးကိုက်တတ်သော အကြောင်းရင်းမရှိသည့် ခေါင်းကိုက်ခြင်းမျိုးဖြစ်ပြီး ခေါင်းတစ်ခါကိုက်လျှင် အနည်းဆုံး (၄)နာရီမှ (၇၂)နာရီအထိ ကြာတတ်သည်။
Mumps (ပါးချိတ်ရောင်ရောဂါ)
ပါးချိတ်ရောင် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး ကလေးများတွင် အဖြစ်များ၍ ပြင်းထန်နိုင်သော်လည်း ကာကွယ်ဆေးဖြင့် ထိရောက်စွာ ကာကွယ်နိုင်သော ရောဂါဖြစ်သည်။
Methaemoglobinaemia (မက်ဟီမိုဂလိုဘင်များခြင်း)
မက်ဟီမိုဂလိုဘင်သည် ပုံမှန်မဟုတ်သော ဟီမိုဂလိုဘင်အမျိုးအစားဖြစ်ပြီး အောက်ဆီဂျင်ကို ကောင်းစွာသယ်ယူပို့ဆောင်နိုင်ခြင်းမရှိချေ။ မက်ဟီမိုဂလိုဘင်များခြင်းသည် အဖြစ်နည်းသော်လည်း အခြေအနေပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိဖြစ်စေနိုင်သည်။