CLL HEALTH ကျန်းမာသုတ

Delayed Puberty (အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း)
အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် နောက်ကျခြင်းသည် မျိုးရိုးလိုက်ခြင်းကြောင့် သဘာဝအလျောက် နောက်ကျခြင်း ဖြစ်နိုင်သကဲ့သို့ နာတာရှည်ရောဂါများ၊ ဟော်မုန်းဆိုင်ရာရောဂါများနှင့် မျိုးပွားအင်္ဂါဆိုင်ရာရောဂါများကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဖြစ်စေသော အကြောင်းရင်းကို စနစ်တကျစစ်ဆေး၍ ကုသမှု ခံယူသင့်သည်။
Diagnostic imaging (ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ)
ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးသည့် နည်းပညာသည် ခေတ်မီပုံရိပ်ဖော်နည်းပညာများကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ရောဂါအခြေအနေများကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်းဖြင့် အချိန်မီ စောစီးစွာ ကုသမှုများ ခံယူနိုင်သောကြောင့် ကျန်းမာသောဘဝကို ပံ့ပိုးပေးသည့် အခြေခံအကျဆုံးသော ဆေးပညာရပ်ဖြစ်သည်။
Dysarthria (စကားပြော မပီသခြင်း)
စကားပြော မပီသခြင်းသည် ဦးနှောက်၊ အာရုံကြော၊ ကြွက်သား ရောဂါအခြေအနေများကြောင့် ဖြစ်ပွါးရသော အခြေအနေဖြစ်သော်လည်း မှန်ကန်သော ဆေးဝါးကုသမှု၊ စနစ်ကျသော စကားပြောကုထုံးများနှင့် မိသားစု၏ ဖေးမကူညီမှုတို့ဖြင့် ဆက်သွယ်ပြောဆိုနိုင်စွမ်းကို ထိရောက်စွာ ပြန်လည်မြှင့်တင်ပေးနိုင်သည့် ရောဂါအခြေအနေတစ်ခုဖြစ်သည်။
DIRFloortime (သင့်ကလေး၏ ကမ္ဘာလေးထဲသို့ အတူတူ လှမ်းဝင်ကြည့်ကြပါစို့)
DIRFloortime သည် ကလေး၏ စိတ်ဝင်စားမှုကို အခြေခံ၍ မိဘနှင့် ကလေးအကြား နွေးထွေးသော အပြန်အလှန်တုံ့ပြန်မှုများမှတစ်ဆင့် စိတ်ခံစားမှု၊ လူမှုဆက်ဆံရေးနှင့် တွေးခေါ်မှုစွမ်းရည်များကို ဘက်စုံဖွံ့ဖြိုးအောင် တည်ဆောက်ပေးသည့် ဆက်ဆံရေးအခြေပြု ချဉ်းကပ်မှုတစ်ခုဖြစ်သည်။
Dental crowding (သွားထပ်ခြင်း)
သွားထပ်ခြင်းသည် အဖြစ်အများဆုံး သွားဘက်ဆိုင်ရာ ပြဿနာဖြစ်ပြီး ပြင်းထန်ပါက သွားနှင့်ခံတွင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သဖြင့် လိုအပ်သော ကုသမှုများ ခံယူရန် လိုအပ်သည်။
Dental trauma or injuries (သွားထိခိုက်ဒဏ်ရာရခြင်း)
သွားထိခိုက်ဒဏ်ရာရခြင်းသည် အဖြစ်များပြီး ကုသရန် လွယ်ကူသော အခြေအနေများရှိသကဲ့သို့ တစ်ခါတစ်ရံ အသေးစားခွဲစိတ်မှုများ၊ ပြန်လည်အစားထိုးမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။



