CLL HEALTH ကျန်းမာသုတ
Stretch Marks (အကြောပြတ်ရာများ)
အကြောပြတ်ရာများသည် များသောအားဖြင့် အန္တရာယ်မရှိသော သဘာဝအရေပြားအမာရွတ်များ ဖြစ်သော်လည်း အကြောင်းရင်းမရှိဘဲ အလွန်ကျယ်ပြန့်ကာ ခရမ်းရင့်ရောင်ဖြစ်နေခြင်း သို့မဟုတ် ဝမ်းဗိုက်ပိုင်း ဝလာခြင်းစသည့် လက္ခဏာများနှင့် တွဲဖက်ဖြစ်ပွားပါက နောက်ခံရောဂါအခံများ ရှိမရှိ ဆရာဝန်နှင့် စနစ်တကျ ပြသစစ်ဆေးရန် အထူးအရေးကြီးသည်။
Precocious Puberty (စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း)
စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းသည် မျိုးရိုးလိုက်ခြင်းကြောင့် သဘာဝအလျောက် စောခြင်းဖြစ်နိုင်သကဲ့သို့ ဦးနှောက်နှင့်သက်ဆိုင်သော ရောဂါများ၊ မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါများကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဖြစ်စေသော အကြောင်းရင်းကို စနစ်တကျ စစ်ဆေး၍ ကုသမှု ခံယူသင့်သည်။
Delayed Puberty (အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း)
အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် နောက်ကျခြင်းသည် မျိုးရိုးလိုက်ခြင်းကြောင့် သဘာဝအလျောက် နောက်ကျခြင်း ဖြစ်နိုင်သကဲ့သို့ နာတာရှည်ရောဂါများ၊ ဟော်မုန်းဆိုင်ရာရောဂါများနှင့် မျိုးပွားအင်္ဂါဆိုင်ရာရောဂါများကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဖြစ်စေသော အကြောင်းရင်းကို စနစ်တကျစစ်ဆေး၍ ကုသမှု ခံယူသင့်သည်။
Ataxia (ဟန်ချက်မထိန်းနိုင်ခြင်း)
ဦးနှောက်အစိတ်အပိုင်းများ (အထူးသဖြင့် ဦးနှောက်ငယ်)၊ အာရုံကြောစနစ်များနှင့် နားတွင်းရှိ ဟန်ချက်ထိန်း ဧရိယာများကို ထိခိုက်စေသော ရောဂါအခြေအနေများကြောင့် ဟန်ချက်မထိန်းနိုင်ခြင်း (ataxia) ဖြစ်ပေါ်လာသည်။
Growing Pains (ကလေးများကြီးထွားဖွံ့ဖြိုးစဉ် ခြေထောက်ကိုက်ခဲခြင်း)
ကလေးများ ကြီးထွားဖွံ့ဖြိုးစဉ် ခြေထောက်ကိုက်ခဲခြင်း (Growing Pains) သည် ညဘက်တွင်သာ ခြေထောက်နှစ်ဖက်လုံး၌ ဖြစ်ပွါးလေ့ရှိသည့် အန္တရာယ်မရှိသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး စနစ်တကျ ပြုစုပေးခြင်းဖြင့် သက်သာပျောက်ကင်းသည်။
Bowel Obstruction (အူပိတ်ခြင်း)
အူပိတ်ခြင်းသည် အူလမ်းကြောင်းအတွင်း အစာနှင့်လေများ စီးဆင်းမှုကို ရပ်တန့်စေရုံသာမက အူလမ်းကြောင်းသို့ သွေးစီးဆင်းမှုကိုပါ ပြတ်တောက်စေနိုင်သဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် အရေးပေါ်ကုသမှု ခံယူရန်လိုသည်။


