CLL HEALTH ကျန်းမာသုတ
Vitamin supplements for children (ကလေးများနှင့် ဗီတာမင်၊ သတ္တုဓာတ်အားဆေးများ)
ကလေးများအတွက် ဗီတာမင်အားဆေးများသည် မဖြစ်မနေ တိုက်ရမည့် အခြေအနေများ ရှိသကဲ့သို့ ပမာဏများလွန်းပါကလည်း ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ တိုက်သင့်သည်။
Immunoglobulins (အင်မြူနိုဂလိုဗျူလင် ပဋိပစ္စည်းများ)
အင်မြူနိုဂလိုဗျူလင်များသည် ကိုယ်ခန္ဓာအား ရောဂါပိုးများနှင့် အန္တရာယ်ရှိသောပစ္စည်းများမှ ကာကွယ်တိုက်ထုတ်ပေးရုံသာမက ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်းများတွင်လည်း အသုံးဝင်သည်။
Well Baby Check [အသက် (၅) နှစ်အောက် ကလေးငယ်များအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း]
ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းသည် ကလေးနေမကောင်းဖြစ်ချိန်တွင်မှမဟုတ်ဘဲ ကျန်းမာနေသော ကလေးတိုင်းအတွက် ပုံမှန်လုပ်ဆောင်သင့်ပြီး ကလေးတိုင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်နှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိ စနစ်တကျ အကဲဖြတ်စစ်ဆေးပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။
Monitoring of Blood Glucose in Diabetes (ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ် တိုင်းတာစောင့်ကြည့်ခြင်း)
ဆီးချိုရောဂါရှိသူများ၊ အထူးသဖြင့် အမျိုးအစား(၁) ဆီးချိုရောဂါရှိသူနှင့် အင်ဆူလင်အသုံးပြုနေသူများသည် သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးရန်လိုအပ်ပြီး လက်ချောင်းထိပ်သွေးဖောက်စစ်ဆေးခြင်း၊ စဥ်ဆက်မပြတ် သွေးချိုတိုင်းတာသည့်စက်ဖြင့် စစ်ဆေးခြင်း၊ ဟီမိုဂလိုဘင် အေဝမ်းစီ (HbA1C) စစ်ဆေးခြင်းတို့ဖြင့် သိရှိနိုင်သည်။
Intensive Care (အထူးကြပ်မတ် ကုသမှု)
အထူးကြပ်မတ်ကုသဆောင် (ICU) သည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော လူနာများအတွက် အဆင့်မြင့်ကုသမှုများနှင့် အထူးကြပ်မတ်စောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ကာ အသက်ရှင်သန်မှုအတွက် နောက်ဆုံးမျှော်လင့်ချက်ထားရာနေရာဖြစ်သည်။
Mobile phone and health (မိုဘိုင်းဖုန်းနှင့်ကျန်းမာရေး)
ယနေ့ခေတ်တွင် တွင်ကျယ်စွာ သုံးစွဲလာကြသော မိုဘိုင်းဖုန်းများ၏ လူသားများ ကျန်းမာရေးနှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုများသည် သတိပြုစောင့်ကြည့်လေ့လာရမည့် အရေးကိစ္စဖြစ်သည်။
