CLL HEALTH ကျန်းမာသုတ

Glucose Tolerance Test (GTT) (ခန္ဓာကိုယ်မှ ဂလူးကို့စ်ကို တုံ့ပြန်မှုအား စစ်ဆေးခြင်း)
ဂလူးကို့စ် တုံ့ပြန်မှု စစ်ဆေးခြင်း (GTT) သည် ဆီးချိုရောဂါနှင့် ကိုယ်ဝန်ဆောင်ဆီးချိုတို့ကို စောစီးစွာ ရှာဖွေဖော်ထုတ်ပေးနိုင်သည်။
Genetic Counseling (မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများအတွက် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း)
မျိုးဗီဇဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းသည် မိမိနှင့် မိသားစု၏ မျိုးဗီဇကျန်းမာရေးကို သေချာစွာ နားလည်သဘောပေါက်ပြီး ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးသည့် ခိုင်မာသော အထောက်အပံ့တစ်ခုဖြစ်သည်။
Genetic Testing (မျိုးဗီဇစစ်ဆေးခြင်း)
မျိုးဗီဇစစ်ဆေးခြင်းသည် ခန္ဓာကိုယ်၏ မျိုးဗီဇဆိုင်ရာ အချက်အလက်များကို ဖတ်ရှုပြီး ရောဂါများကို တိကျစွာရှာဖွေခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် မိမိနှင့်အသင့်တော်ဆုံး ကုသမှုကို ရွေးချယ်နိုင်ခြင်းတို့ဖြင့် ပိုမိုကျန်းမာသော အနာဂတ်ဘဝကို ပိုင်ဆိုင်နိုင်စေရန် ဖော်ဆောင်ပေးသည့် အရေးကြီးသော နည်းပညာတစ်ခုဖြစ်သည်။
Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)
ဂန်ဂလီယံအရည်အိတ်သည် အဆစ်နှင့် အရွတ်များတွင် ဖြစ်ပေါ်တတ်သော ကင်ဆာမဟုတ်သည့် အကျိတ်ငယ်များဖြစ်ပြီး များသောအားဖြင့် သူ့အလိုလို ပျောက်ကင်းနိုင်သော်လည်း နာကျင်ခြင်း သို့မဟုတ် အာရုံကြောဖိမိခြင်းများရှိပါက ကုသမှုခံယူရန် လိုအပ်သည်။
Geriatric Care (သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း)
အသက် (၆၅) နှစ်နှင့်အထက်ရှိသော သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်းသည် အရေးပါသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည်။
Giant Cell Arteritis (Temporal arteritis) (နားထင်သွေးလွှတ်ကြော ရောင်ရမ်းသောရောဂါ)
အသက်ကြီးသူများတွင် အဓိကဖြစ်ပွါးသော သွေးကြောရောင်ရောဂါဖြစ်ပြီး မျက်စိအမြင်အာရုံ ထိခိုက်ဆုံးရှုံးနိုင်သောကြောင့် အမြန်ကုသမှု ခံယူရန်လိုသည်။



