CLL HEALTH ကျန်းမာသုတ

Lung abscess (အဆုတ်ပြည်တည်နာ)
အဆုတ်ပြည်တည်နာသည် အများအားဖြင့် အစာ သို့မဟုတ် အရည်များ အသက်ရှူလမ်းကြောင်းအတွင်း မှားယွင်းဝင်ရာမှ ဘက်တီးရီးယားပိုးဝင်၍ အဆုတ်တွင် ပြည်တည်ခြင်းဖြစ်ပြီး အချိန်မီရောဂါရှာဖွေကာ သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်းနှင့် ဖြစ်နိုင်ခြေများစေသော အကြောင်းရင်းများကို ကာကွယ်ခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်သည်။
Liposuction (အဆီစုပ်ထုတ်ခြင်း)
အဆီစုပ်ထုတ်ခြင်း (Liposuction) သည် ကိုယ်အလေးချိန်လျှော့ချရန် မဟုတ်ဘဲ အစားအသောက်ထိန်းခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မလျော့နိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ အဆီပိုများ ဖယ်ရှား၍ ခန္ဓာကိုယ်အချိုးအစား ပိုမိုကောင်းမွန်စေရန် ရည်ရွယ်သော အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုတစ်မျိုးဖြစ်သည်။
Life’s Essential 8 (သက်ရှည်ကျန်းမာ ဘဝလမ်းညွှန် (၈) ချက်)
“သက်ရှည်ကျန်းမာ ဘဝလမ်းညွှန် (၈) ချက်” ကို လိုက်နာခြင်းဖြင့် နှလုံးနှင့် ဦးနှောက်ကို ကာကွယ်ပေးနိုင်ရုံသာမက နာတာရှည်ရောဂါများကိုပါ လျှော့ချပေးပြီး သက်ရှည်ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
Living with a colostomy (အူလမ်းကြောင်းလွှဲထားမှုနှင့်အတူ နေထိုင်ခြင်း)
အူလမ်းကြောင်းလွှဲထားသူများသည် ခေတ်မီနည်းပညာသုံး အိတ်များနှင့် အရေပြားစောင့်ရှောက်မှု နည်းလမ်းသစ်များကြောင့် ပုံမှန်လူနေမှုဘဝကို ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဖြတ်သန်းနိုင်ပြီဖြစ်သည်။
Liver Tumours in Children (ကလေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)
ကလေးငယ်များတွင်ဖြစ်ပွါးသော အသည်းအကျိတ်များသည် အန္တရာယ်မရှိသော အကျိတ်များ ဖြစ်နိုင်သကဲ့သို့ ကင်ဆာကျိတ်များလည်း ဖြစ်နိုင်သဖြင့် ဆောလျင်စွာ စစ်ဆေးကုသရန် လိုအပ်သည်။
Lumbar Disc Herniation (Prolapsed Intervertebral Disc) (ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်း)
ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်းကြောင့် ကပ်လျက်ရှိသော အာရုံကြောများကို ဖိမိနိုင်ပြီး နာကျင်ခြင်း၊ ထုံကျဥ်ခြင်း လက္ခဏာများ ခံစားရကာ ပြင်းထန်ပါက ခွဲစိတ်မှုများ လိုအပ်နိုင်သည်။



