CLL Health ကျန်းမာသုတ
Rabies (ခွေးရူးပြန်ရောဂါ)
ခွေးကိုက်ခံရခြင်းမှတစ်ဆင့် လူတွင် ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ခွေးရူးပြန်ရောဂါ ဖြစ်ပွားသည်။ မုချအသက်ဆုံးရှုံးစေနိုင်သော ရောဂါဖြစ်သောကြောင့် ကုသရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။
Renal or kidney biopsy (ကျောက်ကပ် အသားစယူ စစ်ဆေးခြင်း)
ကျောက်ကပ်မှ သေးငယ်သော တစ်ရှူးအပိုင်းအစလေးများကို ထုတ်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှု စစ်ဆေး၍ ရောဂါရှာဖွေခြင်း ဖြစ်သည်။
Rickets in children (ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့်ဖြစ်သော အရိုးပျော့ရောဂါ)(ကလေး)
ဗီတာမင်ဒီချို့တဲ့ခြင်းသည် ကြီးထွားဆဲဖြစ်သော အရိုးများကို ထိခိုက်စေသော ရောဂါဖြစ်သောကြောင့် ကလေးငယ်များတွင် အများဆုံးတွေ့ရတတ်ပြီး တစ်ခါတစ်ရံ ဆယ်ကျော်သက်များတွင်လည်း တွေ့ရှိရသည်။
Rubella (ဂျိုက်သိုးရောဂါ)
ဂျိုက်သိုးရောဂါပိုးဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပြီး ကလေးများတွင် အဖြစ်များသော်လည်း ကာကွယ်ဆေးဖြင့် ထိရောက်စွာ ကာကွယ်နိုင်သော ရောဂါဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များ ကူးစက်ခံရလျှင်မူ သန္ဓေသား၌ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများဖြစ်ပေါ် နိုင်သဖြင့် အရေးကြီးသည်။
Rheumatoid arthritis (ရူမတွိုက် အဆစ်ရောင်ရောဂါ)
ခန္ဓာကိုယ်၏ခုခံအားစနစ်မှ ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်မိသောကြောင့် အဆစ်များစွာကို ရောင်ရမ်းစေသော နာတာရှည်ရောဂါဖြစ်သည်။
Retinoblastoma (ကလေးများတွင် ဖြစ်တတ်သော မျက်စိကင်ဆာ)
မျက်စိကင်ဆာရောဂါသည် အသက်(၃)နှစ်အောက် ကလေးများတွင် အဖြစ်များပြီး စောစီးစွာ ဆေးကုသမှုခံယူပါက ပျောက်ကင်းနိုင်သော ကင်ဆာမျိုးဖြစ်သည်။