CLL HEALTH ကျန်းမာသုတ

Painless labour (မနာကျင်စေဘဲ ကလေးမွေးဖွားခြင်း)
ခါးဆစ်ရိုးကြားထုံဆေးထိုးပေးခြင်း (Epidural Anaesthesia) သည် မွေးဖွားစဉ်နာကျင်မှုကို သိသိသာသာ သက်သာစေသည့် အကောင်းဆုံးနည်းလမ်းအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော နည်းလမ်းတစ်ခုဖြစ်သည်။
Prelabour rupture of membrane – PROM (ကလေးမွေးဖွားရန် ဗိုက်မနာမီ ရေမြွှာရည်ပေါက်ခြင်း)
ကလေးမွေးဖွားရန် ဗိုက်မနာမီ မိန်းမကိုယ်မှ ရေမြွှာရည်ဆင်းလာခြင်းသည် ကိုယ်ဝန်ဆောင်အားလုံး၏ ၁၀% ခန့်တွင် တွေ့ရပြီး သန္ဓေသားထံရောဂါပိုးဝင်ရောက်ခြင်းနှင့် လမစေ့ဘဲ မွေးဖွားခြင်းကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများမှ ကာကွယ်ရန် ကိုယ်ဝန်သက်အလိုက် သေချာစောင့်ကြည့်ကုသမှု ခံယူသင့်သည်။
Pancreatic Cancer (ပန်ကရိယကင်ဆာ)
ပန်ကရိယကင်ဆာသည် အစောပိုင်းအဆင့်တွင် ရောဂါရှာဖွေရန် အလွန်ခက်ခဲသောကြောင့် ရောဂါပျံ့နှံ့ပြီးမှသာ စစ်ဆေးတွေ့ရှိရလေ့ရှိပြီး ပျောက်ကင်းအောင် ကုသနိုင်မှုနှုန်း နည်းပါးသည်။
Ptosis (မျက်ခွံတွဲကျခြင်း)
မျက်ခွံတွဲကျခြင်း (Ptosis) ကြောင့် မြင်ကွင်းကို ထိခိုက်စေပြီး အလှအပဆိုင်ရာ ပြဿနာများကို ဖြစ်စေရုံသာမက တစ်ခါတစ်ရံ ဦးနှောက်အာရုံကြော သို့မဟုတ် ကြွက်သားဆိုင်ရာ ပြင်းထန်သော ရောဂါများ၏ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်သည်။
Premature baby (လမစေ့ဘဲမွေးသော မွေးကင်းစကလေး)
ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်ခင် မွေးဖွားလာသော ကလေးကို လမစေ့ဘဲမွေးသော မွေးကင်းစကလေးဖြစ်ပြီး မွေးဖွားချိန်စောလေ ကျန်းမာရေးအန္တရာယ် ပိုများလေဖြစ်သည်။
Palliative care (ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း)
ဝေဒနာသက်သာစေရေး ကုသခြင်းသည် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရမှု လျော့ကျစေပြီး လူနာနှင့် ၎င်းမိသားစုတို့၏ ဘဝနေထိုင်မှုအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ပြုစုကုသခြင်းဖြစ်သည်။



