CLL Health ကျန်းမာသုတ
Splenomegaly (ဘေလုံးကြီးခြင်း)
ရောဂါပိုးများ၊ သွေးနှင့် ကင်ဆာရောဂါများ စသည့် နောက်ခံရောဂါ အခြေအနေတစ်ခုခု၏ လက္ခဏာဖြစ်ပြီး တစ်ခါတစ်ရံ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
Scurvy (ဗီတာမင်စီ ချို့တဲ့ခြင်း)
ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် အရေပြားနှင့် သွားဖုံးများတွင် သွေးထွက်လွယ်နိုင်ပြီး ဗီတာမင်စီ ပြန်လည်ဖြည့်တင်းခြင်းဖြင့် အလွယ်တကူ ပျောက်ကင်းအောင် ကုသနိုင်သည်။
Skin cancer (အရေပြားကင်ဆာ)
ခန္ဓာကိုယ်အရေပြားရှိ ဆဲလ်များ မူမမှန်သော ကြီးထွားမှုကြောင့် အရေပြားကင်ဆာဖြစ်လာပြီး ခန္ဓာကိုယ်နေရာအနှံ့ ဖြစ်နိုင်သည်။ စောစီးစွာကုသမှုခံယူခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
Scabies in children (ဝဲယားနာ) (ကလေး)
ကလေးများတွင် ပို၍အဖြစ်များသော ဝဲယားနာသည် အလွန်အမင်းယားယံ၍ ကူးစက်မြန်သော အရေပြားရောဂါ တစ်မျိုးဖြစ်သည်။
Shingles (herpes zoster) (ဆင်ရေယုန်)
ဆင်ရေယုန်သည် ရေကျောက်နှင့် ရေယုန်ရောဂါနှစ်မျိုးဖြစ်စေသောဗိုင်းရပ်စ် (Varicella zoster virus)ကြောင့်ဖြစ်ပွားသည်။ အသက်အန္တရာယ် ထိခိုက်စေသည်အထိ မပြင်းထန်သော်လည်း အလွန်နာကျင်ခြင်းကို ခံစားရနိုင်သည်။
Spinal muscular atrophy (SMA ကြွက်သားအားနည်းရောဂါ)
SMA ကြွက်သားအားနည်းရောဂါသည် မျိုးရိုးဗီဇဆိုင်ရာ မွေးရာပါ ကြွက်သားအားနည်းသော ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးအစားပေါ်မူတည်၍ ရောဂါလက္ခဏာပြင်းထန်မှု ကွာခြားနိုင်သည်။