CLL HEALTH ကျန်းမာသုတ

Non-Communicable Diseases (NCDs) interconnection (အပြန်အလှန်ဆက်စပ်နေသော မကူးစက်နိုင်သည့် နာတာရှည်ရောဂါများ)
ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသောကြောင့် အန္တရာယ်အချက်များကို စောစီးစွာသိရှိကာ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ရေရှည်စောင့်ရှောက်ခြင်းတို့ကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးသည်။
Nail Trephination (လက်သည်းခွံ/ခြေသည်းခွံအောက်ရှိ သွေးခဲများကို ဖောက်ထုတ်ကုသခြင်း)
လက်သည်းခွံ/ခြေသည်းခွံအောက်ရှိ သွေးခဲများကို ဖောက်ထုတ်ကုသခြင်း (Nail Trephination) ကုထုံးသည် ပြင်းထန်သော ထိခိုက်ဒဏ်ရာများကြောင့် ဖြစ်ပွားတတ်သော လက်သည်း/ ခြေသည်းအောက် သွေးစုခဲခြင်း ဝေဒနာကို ကုသရန် သို့မဟုတ် အခြားသော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ပြုလုပ်သည့် ဆေးဘက်ဆိုင်ရာ ကုထုံးတစ်ခုဖြစ်သည်။
Nuchal Translucency (NT) Test (သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်း)
သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာခြင်း (NT Test) သည် ကိုယ်ဝန် ပထမသုံးလပတ်အတွင်း မိခင်နှင့်ကလေးကို အန္တရာယ်မဖြစ်စေဘဲ ဒေါင်းဆင်ဒရုန်းကဲ့သို့သော မျိုးဗီဇချို့ယွင်းချက် ဖြစ်နိုင်ခြေကို စောစီးစွာ ကြိုတင်ဆန်းစစ်နိုင်မည့် ဘေးကင်းစိတ်ချရသော စစ်ဆေးမှုတစ်ခုဖြစ်သည်။
Nasogastric or Orogastric (NG or OG) Feeding For Enteral Nutrition (နှာခေါင်းပိုက် သို့မဟုတ် ပါးစပ်ပိုက်မှတစ်ဆင့် အစာအာဟာရပေးခြင်း)
နှာခေါင်းပိုက် သို့မဟုတ် ပါးစပ်ပိုက်မှတစ်ဆင့် အာဟာရပေးခြင်းသည် အစာမျိုချရန် ခက်ခဲသော လူနာများအတွက် ရေတိုအာဟာရ ပြည့်ဝစွာရရှိစေမည့် နည်းလမ်းဖြစ်ပြီး အဆုတ်ရောင်ခြင်းကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများ ကာကွယ်ရန် မှန်ကန်သော အစာကျွေးနည်းနှင့် ကိုယ်နေဟန်ထား ထိန်းသိမ်းမှု အထူးလိုအပ်သည်။
Non-Invasive Prenatal Testing – NIPT (သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ မိခင်လောင်းသွေးမှတစ်ဆင့် စစ်ဆေးခြင်း)
သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ မိခင်လောင်းသွေးမှတစ်ဆင့် စစ်ဆေးခြင်းသည် မိခင်နှင့် သန္ဓေသားကို အန္တရာယ်မဖြစ်စေဘဲ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာပင် ရင်သွေးငယ်၏ မျိုးဗီဇဆိုင်ရာ ကျန်းမာရေးအခြေအနေကို တိကျစွာ ခန့်မှန်းသိရှိနိုင်သော ခေတ်မီပြီး ဘေးကင်းသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။
Nutrition for pregnancy and breastfeeding mothers (ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရ)
ကိုယ်ဝန်မဆောင်မီမှစ၍ နို့တိုက်ကျွေးချိန်အထိ အာဟာရအုပ်စု စုံလင်မျှတစွာ စားသုံးခြင်းနှင့် လိုအပ်သော ဗီတာမင်ဓာတ်များကို ဖြည့်တင်းခြင်းသည် မိခင်၏ ကျန်းမာရေးကို ကာကွယ်ပေးရုံသာမက ရင်သွေးငယ်၏ ဉာဏ်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်သည်။



