CLL HEALTH ကျန်းမာသုတ

Erythema nodosum (EN) (အရေပြားအောက်အဆီလွှာရောင်ရမ်း၍ ဖြစ်သောအဖုများ)
အရေပြားအောက်အဆီလွှာရောင်ရမ်း၍ ဖြစ်သောအဖုများ (Erythema nodosum) သည် အများအားဖြင့် ခြေသလုံးအရှေ့ဘက်တွင် နာကျင်နီရဲသောအဖုများအဖြစ် ပေါ်လာပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အလိုအလျောက် သက်သာလေ့ရှိသော်လည်း ဖြစ်စေသော အကြောင်းရင်းခံရောဂါရှိမရှိ ရှာဖွေကုသရန် အရေးကြီးသည်။
Empyema (အဆုတ်မြှေးတွင်း ပြည်တည်ခြင်း)
အဆုတ်မြှေးတွင်း ပြည်တည်ခြင်းသည် အများအားဖြင့် အဆုတ်ရောင်ရောဂါ၏ နောက်ဆက်တွဲအဖြစ် ဖြစ်ပွားသော ပြင်းထန်သည့် ရောဂါပိုးဝင်ခြင်းဖြစ်ပြီး အချိန်မီရောဂါရှာဖွေကာ ပဋိဇီဝပိုးသတ်ဆေးပေးခြင်း၊ ပြည်ဖယ်ထုတ်ကုသမှုနှင့် လိုအပ်ပါက ခွဲစိတ်ကုသမှုများဖြင့် ထိရောက်စွာ ကုသရန် လိုအပ်သည်။
Electromyography – EMG (ကြွက်သား လျှပ်စီးလှုပ်ရှားမှုများ စစ်ဆေးခြင်း)
ကြွက်သား လျှပ်စီးလှုပ်ရှားမှုများ စစ်ဆေးခြင်း (EMG) ဆိုသည်မှာ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးမှ ကြွက်သားများဆီသို့ပို့သော အချက်ပြတုံ့ပြန်မှုနှင့် လျှပ်စစ်လှုပ်ရှားမှုများကို တိုင်းတာ၍ ကြွက်သားနှင့် အာရုံကြောဆိုင်ရာ ရောဂါများကို ရှာဖွေဖော်ထုတ်ပေးသည့် စစ်ဆေးမှုတစ်ခု ဖြစ်သည်။
Electrophysiological study (EPS) (နှလုံးလျှပ်စီးလမ်းကြောင်းများ စမ်းသပ်စစ်ဆေးခြင်း)
နှလုံးလျှပ်စီးလမ်းကြောင်းများ အသေးစိတ်စစ်ဆေးခြင်းသည် နှလုံးခုန်စည်းချက်မမှန်သည့် ရောဂါများကို ရှာဖွေရန်အတွက် စံသတ်မှတ်ထားသော စစ်ဆေးမှုဖြစ်ပြီး ရောဂါအတည်ပြုရှာဖွေနိုင်ခြင်းအပြင် ပြန်ဖြစ်နိုင်ခြေ၊ နှလုံးထိခိုက်နိုင်ခြေတို့ကို တွက်ဆနိုင်ခြင်း၊ ကုသမှုနည်းလမ်းများကို ရွေးချယ်ခြင်းတို့၌ များစွာအထောက်အကူပြုသော စစ်ဆေးမှုတစ်ခုဖြစ်သည်။
Exercise stress test (ကာယလေ့ကျင့်ခန်းဖြင့် နှလုံးစွမ်းရည်စစ်ဆေးခြင်း)
လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးလေ့ကျင့်ခန်းများ ပြုလုပ်နေစဥ် နှလုံးကြွက်သားများ အလုပ်လုပ်ပုံနှင့် နှလုံးသွေးကြောများ ကျဥ်းနေခြင်း ရှိမရှိကို ခန့်မှန်းစစ်ဆေးနိုင်သော စစ်ဆေးမှုဖြစ်ပြီး အန္တရာယ်နည်း၍ အလွယ်တကူ စစ်ဆေးနိုင်သည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။
Environmental Toxins and Pregnancy (ကိုယ်ဝန်ဆောင်မိခင်များ သတိပြုသင့်သည့် ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ဓာတုပစ္စည်းများ)
ကိုယ်ဝန်ဆောင်စဉ် ပတ်ဝန်းကျင် အဆိပ်အတောက်များအား ကြိုတင်ကာကွယ်ခြင်းသည် မွေးဖွားလာမည့်ကလေးငယ်၏ တစ်သက်တာကျန်းမာရေးသာမက မျိုးဆက်ပေါင်းများစွာအထိ သက်ရောက်မှုရှိသည်။



