CLL HEALTH ကျန်းမာသုတ

Juvenile Dermatomyositis – JDM (ကလေးများတွင်ဖြစ်သော အရေပြားနှင့် ကြွက်သားရောင်ရမ်းခြင်းရောဂါ)
ကလေးများတွင်ဖြစ်သော အရေပြားနှင့် ကြွက်သားရောင်ရမ်းခြင်းရောဂါသည် ကြွက်သားများ အားနည်းခြင်းနှင့် အရေပြားလက္ခဏာများစွာကို ဖြစ်စေသော ကိုယ်ခံအားမူမမှန်ရောဂါတစ်ခုဖြစ်ပြီး၊ အချိန်မီသိရှိ၍ စနစ်တကျကုသမှုခံယူပါက ပုံမှန်အတိုင်း ပြန်လည်ကျန်းမာလာနိုင်သည့် ရောဂါဖြစ်သည်။
Juvenile Idiopathic arthritis (ကလေးများတွင်ဖြစ်ပွါးသော နာတာရှည်အဆစ်ရောင်ရောဂါ)
နာတာရှည်အဆစ်ရောင်ရောဂါသည် လူကြီးများတွင်သာမက ကလေးများတွင်လည်း ဖြစ်ပွါးတတ်ပြီး ရေရှည် စနစ်တကျ ဆေးဝါးကုသမှုခံယူရန်လိုအပ်သည်။
JE Vaccine (ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး)
ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုးသည် ပြင်းထန်သည့် ဦးနှောက်ရောင်ရောဂါဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ခြင်း၊ ပြင်းထန်သည့် အာရုံကြောဆိုင်ရာနောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သောကြောင့် ကာကွယ်ဆေးထိုး၍ ကြိုတင်ကာကွယ်ရမည်။
Joint Replacement Surgery (အဆစ်အစားထိုးခွဲစိတ်ကုသခြင်း)
ပျက်စီးယိုယွင်းနေသောအဆစ်များ နာကျင်မှုသက်သာစေရန်နှင့် အဆစ်လှုပ်ရှားမှု ကောင်းမွန်စေရန် အစားထိုးပစ္စည်းများဖြင့် အဆစ်အစားထိုးခွဲစိတ်ကုသခြင်းကို ပြုလုပ်ရသည်။
Joint Swelling (အဆစ်ရောင်ခြင်း)
အဆစ်ရောင်ရမ်းခြင်းကြောင့် အဆစ်များ ဖူးရောင်ခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် လှုပ်ရှားမှုခက်ခဲခြင်းတို့ကို ဖြစ်စေပြီး အချိန်မီကုသမှုမခံယူပါက ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး အဆစ်၏ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။
Joint dislocations (အဆစ်လွဲခြင်း)
အရေးပေါ်အခြေအနေတစ်ခုဖြစ်သော အဆစ်လွဲခြင်းကို အချိန်မီကုသမှုမရှိလျှင် ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့နိုင်သည်။



