CLL Health ကျန်းမာသုတ
JE Vaccine (ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး)
ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုးသည် ပြင်းထန်သည့် ဦးနှောက်ရောင်ရောဂါဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ခြင်း၊ ပြင်းထန်သည့် အာရုံကြောဆိုင်ရာနောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သောကြောင့် ကာကွယ်ဆေးထိုး၍ ကြိုတင်ကာကွယ်ရမည်။
Joint Replacement Surgery (အဆစ်အစားထိုးခွဲစိတ်ကုသခြင်း)
ပျက်စီးယိုယွင်းနေသောအဆစ်များ နာကျင်မှုသက်သာစေရန်နှင့် အဆစ်လှုပ်ရှားမှု ကောင်းမွန်စေရန် အစားထိုးပစ္စည်းများဖြင့် အဆစ်အစားထိုးခွဲစိတ်ကုသခြင်းကို ပြုလုပ်ရသည်။
Joint Swelling (အဆစ်ရောင်ခြင်း)
အဆစ်ရောင်ရမ်းခြင်းကြောင့် အဆစ်များ ဖူးရောင်ခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် လှုပ်ရှားမှုခက်ခဲခြင်းတို့ကို ဖြစ်စေပြီး အချိန်မီကုသမှုမခံယူပါက ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး အဆစ်၏ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။
Joint dislocations (အဆစ်လွဲခြင်း)
အရေးပေါ်အခြေအနေတစ်ခုဖြစ်သော အဆစ်လွဲခြင်းကို အချိန်မီကုသမှုမရှိလျှင် ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများ ကြုံတွေ့နိုင်သည်။
Joint injections (အဆစ်တွင်းသို့ဆေးထိုးခြင်း)
အဆစ်ရောင်ရောဂါအမျိုးမျိုးနှင့် အဆစ်ကျီးပေါင်း ရောဂါများတွင် နာကျင်မှုသက်သာစေရန်နှင့် အရောင်ကျစေရန် အသုံးပြုသည်။
Japanese encephalitis (ဂျပန်ဦးနှောက်ရောင်ရောဂါ)
ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုး သယ်ဆောင်သော ခြင်ကိုက်ခံရခြင်းကြောင့် လူကို ကူးစက်သောရောဂါဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ရှိခြင်းကြောင့် ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်သင့်သည်။