CLL HEALTH ကျန်းမာသုတ

Alopecia (ဆံပင်ကျွတ်ခြင်း၊ အမွေးအမှင်ပါးခြင်း)
ဆံပင်ကျွတ်ခြင်းအပြင် အရေပြားရှိ အခြားအမွေးအမှင်များ ပါးလာခြင်းကိုလည်း Alopecia ဟုသတ်မှတ်နိုင်ပြီး ကျား၊ မ အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ကာ ရောဂါအမျိုးအစား၊ ပြင်းထန်မှုနှင့် အရင်းခံအကြောင်းရင်းပေါ် မူတည်၍ ကုသနည်းများစွာရှိသည်။
Asthma and Pregnancy (ကိုယ်ဝန်ဆောင်နှင့် ပန်းနာရင်ကျပ်ရောဂါ)
ပန်းနာရင်ကျပ်ရောဂါရှိသော ကိုယ်ဝန်ဆောင်များသည် မှန်ကန်ထိရောက်စွာ ကုသမှုခံယူပါက ဘေးကင်းစွာဖြင့် မီးဖွားနိုင်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များ၏ လမ်းညွှန်ကုသမှုများကို တိကျစွာ လိုက်နာရန် လိုအပ်သည်။
Acute Respiratory Distress Syndrome – ARDS (အဆုတ်ပျက်စီးခြင်းကြောင့် ရုတ်တရက်မောကျပ်ခြင်း လက္ခဏာစု)
အဆုတ်ပျက်စီးခြင်းကြောင့် ရုတ်တရက်မောကျပ်ခြင်းသည် ပြင်းထန်သော ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ပြင်းထန်ထိခိုက်ဒဏ်ရာရခြင်းတို့၏ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်ပြီး အောက်ဆီဂျင် နည်းခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်သဖြင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသရန်လိုသည်။
Addiction (စွဲလမ်းမှု)
စွဲလမ်းမှု (Addiction) ဆိုသည်မှာ ကာယကံရှင်၏ ဘဝအပေါ် ဆိုးကျိုးများ သက်ရောက်နေပါလျက်နှင့် စွဲလမ်းသည့်အရာ (သို့မဟုတ်) အပြုအမူကို အာသာဆန္ဒဖြင့် ထပ်တလဲလဲ ရှာဖွေရယူခြင်း၊ အသုံးပြုခြင်း၊ ပြုမူလုပ်ဆောင်ခြင်းစသည့် လက္ခဏာများ တွေ့ရှိရတတ်သော ကာလရှည်ကြာ ရောဂါဝေဒနာတစ်ခု ဖြစ်သည်။
Achondroplasia (အရိုးနုကြီးထွားမှု ချို့ယွင်းသော အရပ်ပုရောဂါ)
အရိုးနုကြီးထွားမှု ချို့ယွင်းသော အရပ်ပုရောဂါသည် ခြေလက်အရိုးများ ကြီးထွားမှုပုံမမှန်ခြင်းကြောင့် ဖြစ်ပြီး ရောဂါရှိသူအများစုသည် ပုံမှန်ပြည့်စုံသောဘဝကို နေထိုင်နိုင်သည်။
Alcoholic Hepatitis (အရက်ကြောင့် အသည်းရောင်ရမ်းခြင်း)
အရက်ကြောင့် အသည်းရောင်ရမ်းခြင်းသည် အသည်းကို လုံးဝအပြီးတိုင် ပျက်စီးစေနိုင်သော အသက်အန္တရာယ်ရှိသည့် ရောဂါဖြစ်သောကြောင့် ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အရက်ဖြတ်ခြင်းဖြစ်သည်။



