CLL Health ကျန်းမာသုတ
Childhood Obesity (ကလေးဘဝ အဝလွန်ခြင်း)
ကလေးဘဝ အဝလွန်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိင်သော နာတာရှည်ပြဿနာတစ်ခုဖြစ်ခြင်း၊ ကလေးဘဝတွင်ပင် လူကြီးရောဂါများကိုခံစားရနိုင် ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန် လွန်စွာအရေးကြီးသည်။
Chronic kidney disease (နာတာရှည် ကျောက်ကပ်ရောဂါ)
ကျောက်ကပ်၏ လုပ်ငန်းတာဝန်များကို အနည်းဆုံး သုံးလနှင့်အထက် ကောင်းစွာ မလုပ်ဆောင်နိုင်သည့် အခြေအနေဖြစ်ပြီး ကျောက်ကပ်ဆေး၍ ကုသခြင်းအပြင် ကျောက်ကပ် အစားထိုး၍ ကုသခြင်းများအထိ လိုအပ်နိုင်သည်။
Chronic pancreatitis (နာတာရှည် ပန်ကရိယရောင်ရောဂါ)
နာတာရှည်ပန်ကရိယ ရောင်ရမ်းစေသော အကြောင်းရင်းများတွင် တာရှည် အရက်အလွန်အကျွံ သောက်ခြင်းကြောင့် အဖြစ်များပြီး တစ်ခါတစ်ရံ အကြောင်းရင်း ရှာမရဘဲ ဖြစ်တတ်သည်။ နောက်ဆက်တွဲ ပြဿနာများစွာရှိပြီး ပြင်းထန်သောရောဂါဖြစ်သဖြင့် စနစ်တကျကုသမှု ခံယူရန်လိုအပ်သည်။
Cochlear implants (အတွင်းနားအစားထိုးကိရိယာ)
နားမကြားခြင်းကို ကုသပေးသော ကုထုံးများအနက် အတွင်းနားအစားထိုး အီလက်ထရွန်နစ်ကိရိယာ (Cochlear implant)သည် တစ်ခုအပါအဝင် ဖြစ်သည်။
Caesarean section (ခွဲစိတ်မွေးဖွားခြင်း)
ကလေးမွေးဖွားချိန်တွင် သဘာဝအတိုင်း မွေးလမ်းကြောင်းမှ မမွေးဖွားနိုင်သော မိခင်များ၌ ကျွမ်းကျင်ဆရာဝန်များမှ ခွဲစိတ်မွေးဖွားပေးရန် လိုအပ်တတ်သည်။
Cardiopulmonary resuscitation-CPR (ရင်ခေါင်းဖိနှိပ်နှလုံးနှိုးဆွခြင်း)
ရင်ခေါင်းဖိနှိပ် နှလုံးနှိုးဆွခြင်းဖြင့် အရေးပေါ်အသက်ကယ် ကုသမှုပေးနိုင်ခြင်းကြောင့် လူနာ၏အသက်ရှင်နိုင်ခြေကို များစွာတိုးမြင့်စေသဖြင့် ထိရောက်သည့် CPR လုပ်ဆောင်နည်းကို လူတိုင်း ကျွမ်းကျင်တတ်မြောက်ထားသင့်သည်။