CLL HEALTH ကျန်းမာသုတ

Urgent Care (အရေးပေါ်မဟုတ်သော လူနာများအား ဆောလျင်စွာ အားချင်း ကုသပေးခြင်း)
ရုတ်တရက် ဖြစ်ပေါ်လာသော ဖျားနာမှုများနှင့် ထိခိုက်ဒဏ်ရာများကို ကြိုတင်ရက်ချိန်းယူရန် မလိုဘဲ၊ ဦးစားပေး၍ လျင်မြန်စွာ အားချင်းကုသပေးခြင်းဖြစ်သည်။
Undescended testis (Cryptorchidism) (ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း)
အချို့ကလေးများတွင် ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း တွေ့ရလေ့ရှိပြီး အသက် (၆) လနောက်ပိုင်းအထိ ဝှေးစေ့မဆင်းပါက အလိုအလျောက်ပြန်ဆင်းရန် နည်းပါးသွားပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သောကြောင့် ခွဲစိတ်ကုသရန် လိုအပ်သည်။
Umbilical Cord Prolapse (ချက်ကြိုးထွက်ကျခြင်း)
ချက်ကြိုးသည် မီးဖွားချိန်မတိုင်မီ မွေးလမ်းကြောင်းအပြင်သို့ထွက်ကျလာပါက သန္ဓေသားတွင် ပြင်းထန်သောအန္တရာယ်ရှိနိုင်ပြီး သေဆုံးသည်အထိဖြစ်နိုင်သောကြောင့် ချက်ချင်းကုသမှုပေးနိုင်ရန် လိုအပ်သည်။
Use of Automated External Defibrillator (AED) (အလိုအလျောက်နှလုံးနှိုးဆွစက်အသုံးပြုပုံ)
AED စက်သည် အရေးပေါ်အသက်ကယ်ရာတွင် အလွန်အသုံးဝင်သော ကိရိယာတစ်ခုဖြစ်သဖြင့် မည်သူမဆို ထိရောက်စွာ အသုံးပြုနိုင်ရန်၊ အလွယ်တကူ ရရှိသုံးစွဲနိုင်ရန် ဆောင်ရွက်ထားသင့်သည်။
Urinary Incontinence (ဆီးထွက်ကျခြင်း)
ဆီးထွက်ကျခြင်းသည် အသက်ကြီးသူများတွင် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပြီး ကုသရန်၊ ကာကွယ်ရန် နည်းလမ်းများစွာရှိသည်။
Urinary catheterisation (ဆီးပိုက်ထည့်ခြင်း)
အကြောင်းရင်းတစ်ခုခုကြောင့် ဆီးမသွားနိုင်သော အခြေအနေများတွင် ဆီးပိုက်ထည့် ကုသပေးလေ့ရှိပြီး ကျွမ်းကျင်သူများမှ စနစ်တကျ ထည့်သွင်းပေးရန်၊ ကောင်းမွန်စွာ ထိန်းသိမ်းအသုံးပြုရန် အလွန်အရေးကြီးသည်။



