CLL HEALTH ကျန်းမာသုတ

Wood’s Lamp Examination (ခရမ်းလွန်ရောင်ခြည်မီးအိမ်ဖြင့် စမ်းသပ်စစ်ဆေးခြင်း)
Wood’s Lamp (ခရမ်းလွန်ရောင်ခြည်မီးအိမ်) စစ်ဆေးခြင်းသည် အရေပြားပေါ်ရှိ မှို၊ ဘက်တီးရီးယားနှင့် အရောင်ခြယ်ဆဲလ် ပြဿနာများကို နာကျင်မှုမရှိဘဲ အလင်းရောင်တုံ့ပြန်မှုဖြင့် တိကျစွာ ခွဲခြားရှာဖွေပေးနိုင်သော စစ်ဆေးမှုတစ်ခုဖြစ်သည်။
Wilson Disease (ခန္ဓာကိုယ်အတွင်း ကြေးနီဓာတ်စုပုံသောရောဂါ)
ခန္ဓာကိုယ်မှ ပိုလျှံနေသော ကြေးနီဓာတ်များကို စွန့်ပစ်ဖယ်ရှားခြင်း မပြုနိုင်သည့်အတွက် အသည်း၊ ဦးနှောက်နှင့် မျက်လုံး အပါအဝင် အခြားသော ကိုယ်တွင်းအင်္ဂါများတွင် ကြေးနီဓာတ်များ စုပုံလာကာ အချိန်မီ ကုသမှုမပြုပါက အသက်အန္တရာယ် ထိခိုက်နိုင်သော မျိုးရိုးလိုက်ရောဂါတစ်မျိုးဖြစ်သည်။
Well Baby Check [အသက် (၅) နှစ်အောက် ကလေးငယ်များအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း]
ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းသည် ကလေးနေမကောင်းဖြစ်ချိန်တွင်မှမဟုတ်ဘဲ ကျန်းမာနေသော ကလေးတိုင်းအတွက် ပုံမှန်လုပ်ဆောင်သင့်ပြီး ကလေးတိုင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်နှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိ စနစ်တကျ အကဲဖြတ်စစ်ဆေးပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။
Watery eyes (Epiphora) (မျက်ရည်ကျခြင်း)
အကြောင်းရင်းများစွာကြောင့် မျက်ရည်ကျခြင်းဖြစ်နိုင်ပြီး အမြင်အာရုံဝေဝါးခြင်းစသည့် အရေးကြီးလက္ခဏာများ ရှိပါက မျက်စိဆရာဝန်နှင့် ချက်ချင်းပြသရန်လိုသည်။
Wilms Tumour (Nephroblastoma) (သန္ဓေသားကျောက်ကပ်ဆဲလ်များမှ ဖြစ်သောကင်ဆာ)
Wilms tumour သည် သန္ဓေသားကျောက်ကပ်ဆဲလ်များမှ ဖြစ်ပေါ်သည့် ကျောက်ကပ်ကင်ဆာဖြစ်ပြီး ကလေးကျောက်ကပ်ကင်ဆာများတွင် အဖြစ်အများဆုံးဖြစ်သည်။
Wisdom Teeth (အံဆုံးသွား)
အံဆုံးသွားသည် ခံတွင်း၏ အနောက်ဆုံးတွင် နောက်ကျမှ ပေါက်သော သွားဖြစ်ပြီး နာကျင်ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းစသည့် ပြဿနာများ ဖြစ်ပေါ်ပါက သွားနှုတ်ကုသရန်လိုအပ်သည်။



