CLL Health ကျန်းမာသုတ
Beri beri (ဘယ်ရီဘယ်ရီ)
အချိန်မီမကုသပါက အသက်အန္တရာယ် ဖြစ်သည်အထိ ပြင်းထန်နိုင်သော ဗီတာမင် ဘီဝမ်း ဓါတ်ချို့တဲ့သည့် ရောဂါတစ်ခုဖြစ်သည်။
Bipolar mood disorder (စိတ်ကြွစိတ်ကျရောဂါ)
စိတ်ကြွသည့်လက္ခဏာများနှင့် စိတ်ကျသည့်လက္ခဏာများ အပြန်ပြန် အလှန်လှန် ရေရှည်ခံစားရတတ်သည့် စိတ်ခံစားချက်ဆိုင်ရာ ရောဂါအမျိုးအစားတစ်ခုဖြစ်သည်။
Bronchoscopy (အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း)
အသက်ရှူလမ်းကြောင်းအတွင်းသို့ သေးငယ်သော ကင်မရာတပ်ဆင်ထားသည့် ပြွန်ချောင်းထည့်သွင်း၍ အဆုတ်နှင့် လေပြွန်များအတွင်း စစ်ဆေးခြင်း၊ ကုသခြင်းဖြစ်သည်။
Bone marrow examination (ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း)
သွေးရောဂါများ၊ အခြားသွေးနှင့် ဆက်စပ်သောရောဂါများ ရှာဖွေစစ်ဆေးကုသရာတွင် လိုအပ်ပါက မဖြစ်မနေပြုလုပ်ရသည့် စစ်ဆေးချက်တစ်ခုဖြစ်သည်။
Botox (ဘိုတောက်စ် ထိုးခြင်း)
အလှအပရေးရာနှင့် အခြားသောရောဂါအခြေအနေများ ကုသရာတွင် ရောဂါအခြေအနေများ လုံးဝပျောက်ကင်းစေခြင်း မဟုတ်သော်လည်း၊ လက္ခဏာများကို အချိန်ကာလတစ်ခုကြာ သက်သာစေရန် botoxထိုး၍ကုသခြင်းကို တွင်ကျယ်စွာအသုံးပြုသည်။
Bronchiolitis (ကလေးအဆုတ်လေပြွန်ရောင် ရောဂါ)
ဗိုင်းရပ်စ်ပိုးများကြောင့် အဆုတ်အတွင်းရှိ လေပြွန်လေးများရောင်ရမ်းသည့် ကူးစက်မြန်ရောဂါ တစ်မျိုးဖြစ်ပြီး ကလေးငယ်များတွင် တစ်ခါတစ်ရံ ပြင်းထန်နိုင်သည်။