CLL HEALTH ကျန်းမာသုတ
Triage System (လူနာများကို အရေးပေါ်အမျိုးအစား စိစစ်ရွေးချယ်သောစနစ်)
တာဝန်ယူကုသပေးရမည့် ပြင်ပလူနာများစွာကို ရောဂါအခြေအနေ လိုအပ်ချက်များအရ အချိန်မီ ထိရောက်စွာ ကုသမှုပေးနိုင်ရန် ရရှိနိုင်သော အရင်းအမြစ်များကို အခြေခံ၍ အရေးပေါ်အခြေအနေအဆင့် ခွဲခြားခြင်းဖြစ်သည်။
Facial injuries (မျက်နှာ ထိခိုက်ဒဏ်ရာများ)
မျက်နှာဒဏ်ရာများသည် မတော်တဆမှုများကြောင့် အများဆုံးဖြစ်ပွါးပြီး သာမန်အသေးစားဒဏ်ရာမှ ပြင်းထန်ဒဏ်ရာများအထိ ဖြစ်နိုင်သလို နောက်ဆက်တွဲအနေဖြင့် မျက်နှာပုံပန်းသွင်ပြင် ပျက်ယွင်းခြင်းနှင့် အစာစားခြင်း၊ စကားပြောခြင်း၊ မျက်နှာအမူအရာများ ပြုလုပ်ခြင်းများကိုပါ ခက်ခဲစေနိုင်သည်။
Polytrauma (အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခြင်း)
Polytrauma care ဆိုသည်မှာ ရုတ်တရက် မတော်တဆမှုများကြောင့် ခန္ဓာကိုယ်အနှံ့ တစ်ပြိုင်နက်တည်း ပြင်းထန်စွာဒဏ်ရာရရှိသော လူနာများအတွက် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများမဖြစ်စေရန် အချိန်တိုအတွင်း ထိရောက်သော အရေးပေါ်ကုသမှုများပေးခြင်းဖြစ်သည်။
Carbon monoxide poisoning (ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း)
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းသည် အရေးပေါ် အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်သောကြောင့် အချိန်မီကုသမှု ရရှိရန် အရေးကြီးသည်။
Crush Syndrome (ကြွက်သားပျက်စီးခြင်းကြောင့်ဖြစ်သောရောဂါစု)
ကြွက်သားပျက်စီးခြင်းကြောင့်ဖြစ်သော ရောဂါစုသည် ထိခိုက်ဒဏ်ရာရနေသော ခြေ၊ လက်စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပြင်ပဖိအားတစ်ခုမှ အချိန်ကြာမြင့်စွာဖိထားမိလျှင် ဖြစ်ပေါ်လာနိုင်သည့် ပြင်းထန်လက္ခဏာအစုအဝေးဖြစ်သည်။
Drowning and Near-drowing (ရေနစ်လူနာအား ပြုစုကုသခြင်း)
ရေနစ်ခြင်းကြောင့် ချက်ချင်းအသက်ဆုံးရှုံးနိုင်သည့်အပြင် အသက်ရှင်လျက် ကယ်ထုတ်နိုင်သူများ၌ပင် နောက်ဆက်တွဲဆိုးကျိုးများ ပြင်းထန်တတ်သောကြောင့် အရေးပေါ်ကြိုတင်ပြင်ဆင်မှုနှင့် ထိရောက်သောကာကွယ်မှုများ လိုအပ်သည်။