CLL HEALTH ကျန်းမာသုတ

Osteoarthritis (OA) (အဆစ်ကျီးပေါင်းတက်ရောဂါ)
အဆစ်ကျီးပေါင်းတက်ရောဂါသည် အဆစ်များလှုပ်ရှားရာတွင် တောင့်တင်းခြင်း၊ နာကျင်ခြင်းတို့ကို ခံစားရပြီး နေ့စဥ်လှုပ်ရှားသွားလာမှုများကို ထိခိုက်စေသောကြောင့် ဆေးဝါးများဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်းများ လိုအပ်နိုင်သည်။
Orchiectomy (ဝှေးစေ့ ခွဲစိတ်ဖယ်ရှားခြင်း)
ဝှေးစေ့ ခွဲစိတ်ဖယ်ရှားခြင်း (Orchiectomy) ဆိုသည်မှာ ဝှေးစေ့ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ သို့မဟုတ် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှု စသည့် ရောဂါအခြေအနေများကို ကုသရန်အတွက် ဝှေးစေ့တစ်ခု သို့မဟုတ် နှစ်ခုလုံးကို ဖယ်ရှားခြင်းဖြစ်သည်။
Oxytocin (အောက်စီတိုစင်)
အောက်စီတိုစင် (Oxytocin) သည် ကိုယ်ခန္ဓာ၏ ဇီဝကမ္မဖြစ်စဉ်များအပြင် စိတ်ခံစားမှုနှင့် လူမှုဆက်ဆံရေးကဏ္ဍများတွင်ပါ အရေးပါသည့် ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဆေးဘက်ဆိုင်ရာကုထုံးများတွင်လည်း အလွန်အသုံးဝင်သည်။
Oral Cancer Screening (ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)
ခံတွင်းနှင့် လည်ချောင်းတစ်ဝိုက်ရှိ ကင်ဆာလက္ခဏာများကို အစောဆုံးအဆင့်တွင် ရှာဖွေဖော်ထုတ်နိုင်သည့် နည်းလမ်းဖြစ်ပြီး ထိရောက်သော ကုသမှုများ ပြုလုပ်နိုင်ရန် အထောက်အကူပြုသည်။
Oxygen Therapy (အောက်ဆီဂျင်ကုထုံး)
အောက်ဆီဂျင်ကုထုံးကို ခန္ဓာကိုယ်၌ သွေးတွင်းအောက်ဆီဂျင်နည်းသည့် အခြေအနေများတွင် အပိုဆောင်းအောက်ဆီဂျင်ပေးသော ကုသမှုအဖြစ် အသုံးပြုသည်။
Orthopaedic Implants (အရိုးအဆစ်အစားထိုးပစ္စည်းများ)
အရိုးရောဂါခွဲစိတ်ကုသမှုတွင် ခန္ဓာကိုယ်အတွင်း ထည့်သွင်းအသုံးပြုရသည့် လူ့ခန္ဓာကိုယ်နှင့် သဟဇာတဖြစ်သောပစ္စည်းများ (Orthopaedic Implants) များဖြစ်ပြီး အရိုးအဆစ် တည်ငြိမ်စေရန်နှင့် အနေအထားမှန်စေရန် အသုံးပြုသည်။



