CLL HEALTH ကျန်းမာသုတ

Keloid (ဖောင်းကြွအမာရွတ်တစ်ရှူး)
Keloid အမာရွတ်ဆိုသည်မှာ အရေပြားဒဏ်ရာရပြီး အနာကျက်ခြင်းဖြစ်စဉ်တွင် လွန်ကဲမှုကြောင့် မူလဒဏ်ရာအနားသတ်ထက် ကျော်လွန်၍ ပုံမှန်မဟုတ်ဘဲ ဖောင်းကြွကြီးထွားလာသော အမာရွတ်တစ်ရှူးများဖြစ်သည်။
Klinefelter Syndrome (ကလိုင်းဖဲလ်တာ ဆင်ဒရုန်း)
Klinefelter Syndrome သည် အမျိုးသားများတွင် X ခရိုမိုဆုမ်း တစ်ခုအပိုပါရှိခြင်း ကြောင့် ဖြစ်ပွားသည့် မျိုးဗီဇဆိုင်ရာ ရောဂါတစ်ခုဖြစ်သည်။
Koro syndrome/ Genital Retraction Syndrome (တိုနာ)
တိုနာရောဂါသည် လိင်အင်္ဂါတိုဝင်၊ ကျုံ့ဝင်သွားမည်ကို ထင်မြင်မှားယွင်းသည့် စိုးရိမ်ပူပန်မှု လွန်ကဲသော စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဖြစ်သည်။
Kidney Stones (ကျောက်ကပ်ကျောက်တည်ခြင်း)
ကျောက်ကပ်ကျောက်များသည် ဆီးလမ်းကြောင်းအတွင်း သတ္တုဓာတ်၊ ဆားဓာတ်များ ပုံဆောင်ခဲအဖြစ်စုစည်းရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန်နာကျင်စေနိုင်သော အခြေအနေတစ်ခုဖြစ်သည်။
Kyphosis (ကျောရိုးကုန်းခြင်း)
ကျောရိုးကုန်းခြင်းတွင် ကျောရိုးသည် ပုံမှန်အကွေ့အကောက်ထက်ပို၍ အနောက်ဘက်သို့ ခုံးပြီးကုန်းနေခြင်းဖြစ်ပြီး ပြင်းထန်လာပါက ကိုယ်ခန္ဓာ၏ လှုပ်ရှားသွားလာမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။
Knee Replacement Surgery (ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း)
ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်းဆိုသည်မှာ ဒူးဆစ်အတွင်းရှိ ပျက်စီးယိုယွင်းနေသော အရိုးနုနှင့် အရိုးများကို ဖယ်ရှားကာ အဆစ်အစားထိုးပစ္စည်းဖြင့် ခွဲစိတ်ကုသခြင်းဖြစ်သည်။



