CLL HEALTH ကျန်းမာသုတ
Childhood Obesity (ကလေးဘဝ အဝလွန်ခြင်း)
ကလေးဘဝ အဝလွန်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော နာတာရှည်ပြဿနာတစ်ခုဖြစ်ခြင်း၊ ကလေးဘဝတွင်ပင် လူကြီးရောဂါများကို ခံစားရနိုင်ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန် လွန်စွာအရေးကြီးသည်။
Speech delay in children (စကားပြောနောက်ကျသောကလေးများ)
ကလေးများ စကားပြောနောက်ကျရခြင်း အကြောင်းရင်းများတွင် အကြားအာရုံချို့တဲ့ခြင်းမှ ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှု ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများအထိ ပါဝင်သောကြောင့် ဖြစ်စေသည့်အကြောင်းရင်းကို စနစ်တကျ ရှာဖွေစစ်ဆေး ကုသသင့်သည်။
Constipation in children (ကလေးများတွင် ဝမ်းချုပ်ခြင်း)
ကလေးများတွင် ဝမ်းချုပ်ခြင်းကို ကာကွယ်ရန်နှင့် ကုသရန်အတွက် အဓိကသော့ချက်မှာ အမျှင်ဓာတ်၊ ရေနှင့် ကိုယ်လက်လှုပ်ရှားမှုကို လုံလောက်စွာပေးခြင်းနှင့် ပုံမှန်ဝမ်းအလေ့အကျင့်ကောင်းများ တည်ဆောက်ပေးရန် ဖြစ်သည်။
Heart murmurs (နှလုံးမှအသံပိုများ)
မွေးရာပါနှလုံးရောဂါများနှင့် မွေးပြီးနောက်ပိုင်းမှ ဖြစ်လာသည့် နှလုံးရောဂါများကြောင့်သာမက ပုံမှန်နှလုံးမှလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် နှလုံးအသံပိုများ ထွက်နိုင်သည်။
Torticollis (ခေါင်းစောင်း၊ လည်ပင်းစောင်းသောကလေး)
လည်ပင်းရှိ ကြွက်သားများတိုခြင်း သို့မဟုတ် တောင့်တင်းခြင်းတို့ကြောင့် ကလေးများ ခေါင်းစောင်း၊ လည်ပင်းစောင်းခြင်း ဖြစ်လေ့ရှိပြီး စနစ်တကျ ကုသမှုခံယူလျှင် သက်သာပျောက်ကင်းနိုင်သည်။
Squint (မျက်စိစွေခြင်း)
ကလေးငယ်များတွင် မျက်စိစွေခြင်းသည် အတွေ့ရများသော လက္ခဏာတစ်ခုဖြစ်ပြီး ကလေးအသက်ကြီးလာချိန်တွင် အလိုအလျောက် ပြန်ကောင်းသွားနိုင်သကဲ့သို့ တစ်ခါတစ်ရံ မျက်စိဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူရနိုင်သည်။

