CLL HEALTH ကျန်းမာသုတ
Eye Pain (မျက်လုံးနာကျင်ကိုက်ခဲခြင်း)
မျက်လုံးနာကျင်ကိုက်ခဲခြင်းသည် သာမန်မျက်စိညောင်းညာခြင်းမှသည် ပြင်းထန်သည့်ရောဂါများအထိ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သဖြင့် မျက်လုံးနာကျင်ခြင်းအပြင် အမြင်အာရုံဝေဝါးခြင်းစသည်တို့ တွဲ၍ရှိလာပါက မျက်စိအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသစစ်ဆေးရန် အရေးကြီးသည်။
Eye Strain (မျက်စိညောင်းညာခြင်း)
မျက်လုံးကို ပုံမှန်အနားပေးခြင်း၊ အလုပ်ပတ်ဝန်းကျင်၊ ဖန်သားပြင်နှင့် အလင်းရောင်တို့ကို စနစ်တကျပြင်ဆင်မှုများဖြင့် မျက်စိညောင်းညာခြင်းကို ကာကွယ်ကုသနိုင်သည်။
Earwax Blockage (နားဖာချေးပိတ်ဆို့ခြင်း)
နားဖာချေး (Earwax) သည် နားအတွင်းသို့ ပြင်ပမှ ရောဂါပိုးများ၊ ပစ္စည်းများဝင်ရောက်ခြင်းမှ ကာကွယ်ပေးသော သဘာဝပစ္စည်းဖြစ်သော်လည်း အများအပြား စုပုံလာပါက ပြဿနာဖြစ်နိုင်သည်။
Early Menopause (မီးယပ်သွေး စောဆုံးခြင်း)
အသက် (၄၅) နှစ်မတိုင်မီ မီးယပ်သွေးဆုံးခြင်းကို မီးယပ်သွေး စောဆုံးခြင်းဟု သတ်မှတ်ပြီး ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာရှိသည်။
Essential tremor (ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်း)
အသက်အရွယ်မရွေး ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းသည် ပုံမှန်အားဖြင့် အန္တရာယ်ရှိသော အခြေအနေမဟုတ်သော်လည်း အခြားရောဂါများနှင့် ခွဲခြားရန်လိုသည်။


