CLL HEALTH ကျန်းမာသုတ
Bowel Obstruction (အူပိတ်ခြင်း)
အူပိတ်ခြင်းသည် အူလမ်းကြောင်းအတွင်း အစာနှင့်လေများ စီးဆင်းမှုကို ရပ်တန့်စေရုံသာမက အူလမ်းကြောင်းသို့ သွေးစီးဆင်းမှုကိုပါ ပြတ်တောက်စေနိုင်သဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် အရေးပေါ်ကုသမှု ခံယူရန်လိုသည်။
Breast Pain (Pregnancy related) (ကိုယ်ဝန်နှင့် ဆက်စပ်၍ ရင်သားနာကျင်မှုဖြစ်ရခြင်း)
ကိုယ်ဝန်နှင့် ဆက်စပ်၍ ရင်သားနာကျင်မှုဖြစ်ရခြင်းသည် မိခင်များ၌ အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပြီး ကိုယ်ဝန်သက်နုသောအချိန်တွင်ပင် ခံစားရနိုင်သည်။
Breast Pain (ရင်သားနာကျင်ခြင်း)
ရင်သားနာကျင်ခြင်းသည် နာကျင်မှုပုံစံအမျိုးမျိုးပြတတ်ပြီး တစ်ခါတစ်ရံ အလွန်ပြင်းထန်ပါက စစ်ဆေးကုသမှုခံယူသင့်သည်။
Blood in the urine – Haematuria (ဆီးထဲသွေးပါခြင်း)
ဆီးထဲသွေးပါခြင်းသည် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ အရေးကြီးလက္ခဏာတစ်ခု ဖြစ်သောကြောင့် စောစီးစွာ ရောဂါရှာဖွေကုသသင့်သည်။
Back pain (ခါးနာခြင်း)
ခါးနာခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပြီး သာမန်ကြွက်သားနာကျင်မှုမှသည် ကင်ဆာပျံ့နှံ့ခြင်းအထိ ဖြစ်စေသည့် အကြောင်းရင်းများစွာရှိသည်။
Bleeding during pregnancy (ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်း)
ကိုယ်ဝန်ဆောင်နေစဥ်အတွင်း သွေးဆင်းခြင်းသည် မိခင်ရော ကလေးအတွက်ပါ စိုးရိမ်ရသော လက္ခဏာဖြစ်နိုင်သောကြောင့် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။


