CLL HEALTH ကျန်းမာသုတ
Short stature (အရပ်ပုခြင်း)
ကလေးများတွင် သက်တူရွယ်တူများထက် အရပ်ပုခြင်းသည် အတွေ့ရများသောအခြေအနေဖြစ်ပြီး စောင့်ကြည့်ရန်သာ လိုအပ်သော အခြေအနေများရှိသကဲ့သို့ ဖြစ်စေသည့် အကြောင်းရင်းပေါ် မူတည်၍ သီးသန့်ကုသမှုများလည်း လိုအပ်နိုင်သည်။
Shoulder pain (ပခုံးနာကျင်ခြင်း)
ပခုံးနာကျင်ခြင်းသည် အဖြစ်များသောလက္ခဏာတစ်ခုဖြစ်ပြီး ပခုံးအဆစ်တွင်ဖြစ်သော ရောဂါ အကြောင်းရင်းများရှိသကဲ့သို့ ကိုယ်ခန္ဓာ၏ အခြားနေရာမှလာသောရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။
Sleepwalking and Night terrors (အိပ်စက်ချိန် လမ်းထလျှောက်ခြင်းနှင့် ထိတ်လန့်ခြင်း)
အိပ်စက်ချိန် လမ်းထလျှောက်ခြင်းနှင့် ထိတ်လန့်ခြင်းများသည် ကလေးများတွင် တွေ့ရလေ့ရှိသော အခြေအနေများဖြစ်ပြီး ယေဘုယျအားဖြင့် စိုးရိမ်ရသော ကျန်းမာရေးပြဿနာ မဟုတ်ပါ။
Stuttering (ကလေးများ စကားထစ်ခြင်း)
စကားထစ်ခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပြီး ကလေးများတွင် ပေါင်းသင်းဆက်ဆံရေးနှင့် ပြောဆိုဆက်သွယ်ရေးကို များစွာထိခိုက်စေသည့် အခြေအနေတစ်ခုဖြစ်သည်။
Speech delay in children (စကားပြောနောက်ကျသောကလေးများ)
ကလေးများ စကားပြောနောက်ကျရခြင်း အကြောင်းရင်းများတွင် အကြားအာရုံချို့တဲ့ခြင်းမှ ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှု ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများအထိ ပါဝင်သောကြောင့် ဖြစ်စေသည့်အကြောင်းရင်းကို စနစ်တကျ ရှာဖွေစစ်ဆေး ကုသသင့်သည်။
Scrotal swelling (ကပ်ပယ်အိတ်ကြီးခြင်း)
ကပ်ပယ်အိတ်ကြီးခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သောကြောင့် ကပ်ပယ်အိတ်(ဝှေးစေ့)ကို မိမိဘာသာပုံမှန်စမ်းသပ်သင့်ပြီး သံသယဖြစ်လျှင် စောစီးစွာ စမ်းသပ်ကုသမှု ခံယူသင့်သည်။


