CLL HEALTH ကျန်းမာသုတ
Stretch Marks (အကြောပြတ်ရာများ)
အကြောပြတ်ရာများသည် များသောအားဖြင့် အန္တရာယ်မရှိသော သဘာဝအရေပြားအမာရွတ်များ ဖြစ်သော်လည်း အကြောင်းရင်းမရှိဘဲ အလွန်ကျယ်ပြန့်ကာ ခရမ်းရင့်ရောင်ဖြစ်နေခြင်း သို့မဟုတ် ဝမ်းဗိုက်ပိုင်း ဝလာခြင်းစသည့် လက္ခဏာများနှင့် တွဲဖက်ဖြစ်ပွားပါက နောက်ခံရောဂါအခံများ ရှိမရှိ ဆရာဝန်နှင့် စနစ်တကျ ပြသစစ်ဆေးရန် အထူးအရေးကြီးသည်။
Short stature (အရပ်ပုခြင်း)
ကလေးများတွင် သက်တူရွယ်တူများထက် အရပ်ပုခြင်းသည် အတွေ့ရများသောအခြေအနေဖြစ်ပြီး စောင့်ကြည့်ရန်သာ လိုအပ်သော အခြေအနေများရှိသကဲ့သို့ ဖြစ်စေသည့်အကြောင်းရင်းပေါ် မူတည်၍ သီးသန့်ကုသမှုများလည်း လိုအပ်နိုင်သည်။
Shoulder pain (ပခုံးနာကျင်ခြင်း)
ပခုံးနာကျင်ခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပြီး၊ ပခုံးအဆစ်တွင်ဖြစ်သော ရောဂါ အကြောင်းရင်းများရှိသကဲ့သို့ ကိုယ်ခန္ဓာ၏ အခြားနေရာမှလာသောရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။
Sleepwalking (အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း)
အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းသည် ကလေးများတွင် တွေ့ရသော အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်ပြီး များသောအားဖြင့် အန္တရာယ်မကြီးမားသော်လည်း ထိခိုက်ဒဏ်ရာ ရနိုင်ခြေရှိပါက ဘေးကင်းရေးကို ဦးစားပေးဆောင်ရွက်ကာ ဆရာဝန်နှင့် တိုင်ပင်ကုသရန် လိုအပ်သည်။
Stuttering (ကလေးများ စကားထစ်ခြင်း)
စကားထစ်ခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပြီး ကလေးများတွင် ပေါင်းသင်းဆက်ဆံရေးနှင့် ပြောဆိုဆက်သွယ်ရေးကို များစွာထိခိုက်စေသည့် အခြေအနေတစ်ခုဖြစ်သည်။
Speech delay in children (စကားပြောနောက်ကျသောကလေးများ)
ကလေးများ စကားပြောနောက်ကျရခြင်း အကြောင်းရင်းများတွင် အကြားအာရုံချို့တဲ့ခြင်းမှ ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှု ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများအထိ ပါဝင်သောကြောင့် ဖြစ်စေသည့်အကြောင်းရင်းကို စနစ်တကျ ရှာဖွေစစ်ဆေး ကုသသင့်သည်။


