CLL HEALTH ကျန်းမာသုတ
Nipple Discharge (နို့သီးခေါင်းမှ အရည်စိမ့်ထွက်ခြင်း)
ရင်သားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရှိ နို့သီးခေါင်းမှ အရည်ကြည်၊ နို့ရည်၊ အစိမ်းရောင်၊ အဝါရောင်စသည့် အရောင်ရှိသောအရည်များ စိမ့်ထွက်ခြင်းသည် တစ်ခါတစ်ရံ အရေးကြီးကျန်းမာရေးပြဿနာဖြစ်နိုင်သောကြောင့် စောစီးစွာ စစ်ဆေးကုသမှုခံယူသင့်သည်။
Nocturnal enuresis in children (ညအိပ်ချိန်အိပ်ရာထဲတွင် ဆီးသွားခြင်း)
ကလေးများ ညအိပ်ချိန် အိပ်ရာထဲတွင် ဆီးပေါက်ချခြင်းသည် သဘာဝအတိုင်း အန္တရာယ်မရှိသော လက္ခဏာဖြစ်သော်လည်း အသက် (၆) နှစ်အထက်အထိ ရက်ပေါင်းများစွာ သို့မဟုတ် နေ့စဥ်နီးပါး ဆီးပေါက်ချနေလျှင် ရောဂါရှာဖွေကုသရန် လိုအပ်သည်။
Neonatal uterine bleeding (မွေးကင်းစ ကလေးများတွင် မိန်းမကိုယ်မှ သွေးဆင်းခြင်း)
မွေးကင်းစကလေးများ (မိန်းကလေး) များတွင် မွေးဖွားပြီး ရက်ပိုင်းအတွင်း မိန်းမကိုယ်မှ သွေးဆင်းခြင်းတွင် အများစုသည် ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တတ်သဖြင့် စိတစိတ်ပူပန်ရန် မလိုပါ။
Neck glands in children (ကလေးများတွင် တွေ့ရသော လည်ပင်းအကျိတ်များ)
ကလေး လည်ပင်းအကျိတ်များသည် သာမန် ရောဂါအခြေအနေမှ အန္တရာယ်ရှိသော ရောဂါအခြေအနေများအထိ ဖြစ်နိုင်သောကြောင့် စနစ်တကျ ကုသမှု ခံယူရန် လိုအပ်သည်။
Neck pain (လည်ပင်းဇက်ကြောနာခြင်း)
အလုပ်လုပ်ပုံ၊ အိပ်စက်ပုံ အနေအထားမမှန်ခြင်းတို့ကြောင့် ဖြစ်သော လည်ပင်းဇက်ကြောနာခြင်းသည် အတွေ့ရများသော လက္ခဏာတစ်ခုဖြစ်ပြီး သာမန်ကြွက်သားနာကျင်မှုမှသည် လည်ပင်းအရိုးဆစ်များအတွင်း ပြင်းထန်သည့်ရောဂါများအထိ ဖြစ်နိုင်သည်။


