CLL HEALTH ကျန်းမာသုတ
Hip pain (တင်ပါးဆုံ နာကျင်ခြင်း)
တင်ပါးဆုံနာကျင်ခြင်းသည် အဖြစ်များသောလက္ခဏာတစ်ခုဖြစ်ပြီး တင်ပါးဆုံအဆစ်ရောဂါများသာမက ခန္ဓာကိုယ်၏ အခြားနေရာမှလာသော ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။
Heart murmurs (နှလုံးမှအသံပိုများ)
မွေးရာပါနှလုံးရောဂါများနှင့် မွေးပြီးနောက်ပိုင်းမှ ဖြစ်လာသည့် နှလုံးရောဂါများကြောင့်သာမက ပုံမှန်နှလုံးမှလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် နှလုံးအသံပိုများ ထွက်နိုင်သည်။
Hoarseness of voice (အသံဝင်ခြင်း)
အသံဝင်ခြင်းသည် အသံအိုးနှင့် အသံကြိုးများ၏ ချို့ယွင်းမှုကြောင့် ပင်ကိုယ်အသံပြောင်းလဲသွားခြင်းဖြစ်ပြီး အဖြစ်များသော ရောဂါလက္ခဏာတစ်ခုဖြစ်သော်လည်း လေးပတ်ကျော်ကြာဖြစ်ပွားခြင်း သို့မဟုတ် အခြားအရေးပေါ်လက္ခဏာများရှိနေခြင်းတို့အတွက် ဆရာဝန်နှင့် မဖြစ်မနေပြသသင့်သည်။
Hiccough (ကြို့ထိုးခြင်း)
ကြို့ထိုးခြင်းသည် အများအားဖြင့် ကုသမှု မလိုသော်လည်း ကာလရှည်ကြာစွာ ကြို့ထိုးနေပါက ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်သဖြင့် အကြောင်းရင်းကို စနစ်တကျ ရှာဖွေကုသရန် လိုအပ်သည်။
Headache (ခေါင်းကိုက်ခြင်း)
ဦးခေါင်းတွင်းရှိ ဦးနှောက်အမြှေးပါးနှင့် သွေးကြောများ၊ အာရုံကြောများ၊ ဦးခေါင်းခွံရိုး၊မျက်စိ၊ နားနှင့် နှာခေါင်းရောဂါ အခြေအနေများကြောင့် ဦးခေါင်း၏ မည်သည့်နေရာတွင်မဆို နာကျင်ကိုက်ခဲတတ်ပြီး စနစ်တကျ ကုသမှုခံယူရန် လိုအပ်သည်။
Heel pain (ခြေဖနောင့်နာခြင်း)
ခြေဖနောင့်နာခြင်းသည် ခြေထောက်ပိုင်းတွင် အဖြစ်များသော လက္ခဏာတစ်ရပ်ဖြစ်ပြီး အများအားဖြင့် ခွဲစိတ်ကုသရန်မလိုအပ်ဘဲ အနားယူရုံ၊ လေ့ကျင့်ခန်းလုပ်ရုံဖြင့် သက်သာနိုင်သည့် အခြေအနေဖြစ်သည်။


