CLL HEALTH ကျန်းမာသုတ
Precocious Puberty (စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း)
စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းသည် မျိုးရိုးလိုက်ခြင်းကြောင့် သဘာဝအလျောက် စောခြင်းဖြစ်နိုင်သကဲ့သို့ ဦးနှောက်နှင့်သက်ဆိုင်သော ရောဂါများ၊ မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါများကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဖြစ်စေသော အကြောင်းရင်းကို စနစ်တကျ စစ်ဆေး၍ ကုသမှု ခံယူသင့်သည်။
Ptosis (အပေါ်မျက်ခွံတွဲကျခြင်း)
အပေါ်မျက်ခွံတွဲကျခြင်း (Ptosis) ကြောင့် မြင်ကွင်းကို ထိခိုက်စေပြီး အလှအပဆိုင်ရာ ပြဿနာများကို ဖြစ်စေရုံသာမက တစ်ခါတစ်ရံ ဦးနှောက်အာရုံကြော သို့မဟုတ် ကြွက်သားဆိုင်ရာ ပြင်းထန်သော ရောဂါများ၏ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်သည်။
Postcoital bleeding (လိင်ဆက်ဆံမှုပြုပြီးနောက် သွေးဆင်းခြင်း)
လိင်ဆက်ဆံမှုပြုပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်းသည် ကြီးမားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်သောကြောင့် အရေးကြီးသည်။
Pterygium (မျက်သားတက်ခြင်း)
မျက်လုံး၏ မျက်သားအဖြူပေါ်ရှိ Conjunctiva ဟုခေါ်သော အလွှာပါးပိုထူလာပြီး တြိဂံပုံစံအဖတ်ဖြစ်လာခြင်း ဖြစ်သည်။
Polyuria (ဆီးသွားများခြင်း)
ဆီးသွားများခြင်းသည် ပုံမှန်အခြေအနေတစ်ခုဖြစ်နိုင်သော်လည်း အချိန်ကာလကြာရှည်စွာ ဆက်တိုက်ဖြစ်လာပါက ဖြစ်ပေါ် ရသော အကြောင်းရင်းကို ရှာဖွေကုသရန် လိုအပ်သည်။
Paresthesia – tingling and numbness (ထုံကျဥ်ခြင်း)
အကြောင်းရင်းခံတစ်ခုခုကြောင့် အာရုံကြောများ ရောဂါဖြစ်လျှင်၊ ထိခိုက်မိလျှင် ထုံကျဥ်ခြင်းများ ခံစားရနိုင်ပြီး နာတာရှည်အခြေအနေအထိ ဖြစ်နိုင်သည်။


