CLL HEALTH ကျန်းမာသုတ
Aphasia (စကားပြောဆိုဆက်သွယ်မှု ချို့ယွင်းခြင်း)
စကားပြောဆိုဆက်သွယ်မှု ချို့ယွင်းခြင်းသည် ဦးနှောက်ထိခိုက်စေသော အကြောင်းရင်းခံရောဂါများကြောင့် ဖြစ်ပွါးခြင်းဖြစ်၍ ရောဂါအခံများကို ကုသရန် အရေးကြီးသကဲ့သို့ စကားပြောဆိုလေ့ကျင့်မှု ကုထုံးများဖြင့် ကုသမှုခံယူရန်လည်း လိုအပ်သည်။
Amnesia (မှတ်ဉာဏ်ချို့ယွင်းခြင်း)
မှတ်ဉာဏ်ချို့ယွင်းခြင်း (Amnesia) သည် သာမန်မေ့လျော့ခြင်းထက် ပိုမိုပြင်းထန်သော မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်စဉ်တစ်ခုဖြစ်ပြီး အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးမရှိသေးသော်လည်း အကြောင်းရင်းခံများကို ရှာဖွေကုသခြင်းနှင့် မှတ်ဉာဏ်ပြန်လည်လေ့ကျင့်ပေးခြင်းတို့ဖြင့် လူနာ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။
Acute scrotal or testicular pain (ကပ်ပယ်အိတ် သို့မဟုတ် ဝှေးစေ့ ရုတ်တရက် နာကျင်ခြင်း)
ကပ်ပယ်အိတ် သို့မဟုတ် ဝှေးစေ့ ရုတ်တရက်နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသောကြောင့် စနစ်တကျ စစ်ဆေးကုသမှုခံယူရန် လိုအပ်သည်။
Abnormal Period (ရာသီသွေးပုံမှန်မဖြစ်ခြင်း)
ရာသီသွေးပုံမှန်မဖြစ်ခြင်းသည် ဆေးဝါးများ၊ စိတ်ဖိစီးမှုများ၊ ဟော်မုန်းပြောင်းလဲမှုများအပြင် ပြင်းထန်သောမီးယပ်ရောဂါများကြောင့်ဖြစ်နိုင်ပြီး နောက်ဆက်တွဲပြဿနာများစွာဖြစ်နိုင်သောကြောင့် သားဖွားမီးယပ်ဆရာဝန်နှင့် သေချာစွာပြသကုသမှု ခံယူရန်လိုအပ်သည်။
Ankle pain (ခြေချင်းဝတ်နာကျင်ခြင်း)
ခြေချင်းဝတ်နာကျင်ခြင်းသည် သာမန်နာကျင်မှုမှ ပြင်းထန်သည့်နာကျင်မှုအထိ ရှိနိုင်ပြီး နေ့စဥ်လူမှုဘဝကို ထိခိုက်နိုင်သဖြင့် စနစ်တကျကုသသင့်သည်။
Abdominal Pain (ဗိုက်အောင့်ဗိုက်နာခြင်း)
ဗိုက်အောင့်ဗိုက်နာခြင်းသည် အတွေ့ရများသော လက္ခဏာတစ်ခုဖြစ်ပြီး ဖြစ်ပေါ်စေသော အကြောင်းရင်းခံများစွာရှိသည်။


