CLL HEALTH ကျန်းမာသုတ
Monsoon and Skin health (မုတ်သုံရာသီဥတုနှင့် အရေပြားကျန်းမာရေး)
မုတ်သုံရာသီတွင် စိုထိုင်းဆမြင့်မားခြင်းနှင့် ချွေးထွက်များခြင်းတို့ကြောင့် မှိုပိုးဝင်ခြင်း၊ ဝက်ခြံ၊ အရေပြားရောင်ရမ်းခြင်းနှင့် ဦးရေပြားပြဿနာများ ပိုမိုဖြစ်ပွားနိုင်သဖြင့် အရေပြားကို သန့်ရှင်းခြောက်သွေ့စွာ ထိန်းသိမ်းခြင်း၊ သင့်တော်သော အဝတ်အစားနှင့် အသားအရေထိန်းသိမ်းပစ္စည်းများ အသုံးပြုခြင်းနှင့် ပုံမှန်မဟုတ်သော လက္ခဏာများရှိပါက ဆရာဝန်နှင့် ပြသခြင်းတို့ လိုအပ်သည်။
Maternal mental health and fetus (ကိုယ်ဝန်ဆောင်မိခင်၏ စိတ်ကျန်းမာရေးနှင့် သန္ဓေသား)
ကိုယ်ဝန်ဆောင်မိခင်၏ စိတ်ကျန်းမာရေးနှင့် သန္ဓေသားဖွံ့ဖြိုးမှုသည် တိုက်ရိုက်ဆက်စပ်နေပြီး၊ မိခင်၏ ပြင်းထန်သော စိတ်ဖိစီးမှုနှင့် စိတ်ကျဝေဒနာများသည် ဟော်မုန်းနှင့် ဇီဝကမ္မပြောင်းလဲမှုများမှတစ်ဆင့် ရင်သွေးငယ်၏ ဦးနှောက်တည်ဆောက်ပုံနှင့် ရေရှည်စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးမှုအပေါ် တစ်သက်တာလုံးစာ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သောကြောင့် စောစီးစွာ စစ်ဆေးကုသရန်နှင့် မိသားစုပံ့ပိုးမှုပေးရန် အလွန်အရေးကြီးသည်။
Milestones of Fetal Growth (သန္ဓေသား ကြီးထွားမှုအဆင့်ဆင့်)
ရက်သတ္တပတ် ၄၀ ကာလအတွင်း သေးငယ်သော မျိုးအောင်ဆဲလ်တစ်ခုမှနေ၍ ပြီးပြည့်စုံသော ကလေးငယ်တစ်ဦးအဖြစ်သို့ စနစ်တကျ ပြောင်းလဲကြီးထွားလာသည့် အံ့မခန်းဖွယ်ရာ သန္ဓေသားဖွံ့ဖြိုးမှုခရီးစဉ်ဖြစ်သည်။
Monitoring of Blood Glucose in Diabetes (ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ် တိုင်းတာစောင့်ကြည့်ခြင်း)
ဆီးချိုရောဂါရှိသူများ၊ အထူးသဖြင့် အမျိုးအစား(၁) ဆီးချိုရောဂါရှိသူနှင့် အင်ဆူလင်အသုံးပြုနေသူများသည် သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးရန်လိုအပ်ပြီး လက်ချောင်းထိပ်သွေးဖောက်စစ်ဆေးခြင်း၊ စဥ်ဆက်မပြတ် သွေးချိုတိုင်းတာသည့်စက်ဖြင့် စစ်ဆေးခြင်း၊ ဟီမိုဂလိုဘင် အေဝမ်းစီ (HbA1C) စစ်ဆေးခြင်းတို့ဖြင့် သိရှိနိုင်သည်။
Mobile phone and health (မိုဘိုင်းဖုန်းနှင့်ကျန်းမာရေး)
ယနေ့ခေတ်တွင် တွင်ကျယ်စွာ သုံးစွဲလာကြသော မိုဘိုင်းဖုန်းများ၏ လူသားများ ကျန်းမာရေးနှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုများသည် အထူးသတိပြုစောင့်ကြည့်လေ့လာရမည့် အရေးကိစ္စဖြစ်သည်။
Multidisciplinary Team – MDT (ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်း)
လူနာတစ်ဦး၏ ရောဂါကို အကောင်းဆုံးနှင့် အပြည့်စုံဆုံး ကုသမှုပေးနိုင်ရန်အတွက်၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု မတူညီသော ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်းဖြစ်သည်။
