CLL HEALTH ကျန်းမာသုတ
Immunoglobulins (အင်မြူနိုဂလိုဗျူလင် ပဋိပစ္စည်းများ)
အင်မြူနိုဂလိုဗျူလင်များသည် ကိုယ်ခန္ဓာအား ရောဂါပိုးများနှင့် အန္တရာယ်ရှိသောပစ္စည်းများမှ ကာကွယ်တိုက်ထုတ်ပေးရုံသာမက ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်းများတွင်လည်း အသုံးဝင်သည်။
Intensive Care (အထူးကြပ်မတ် ကုသမှု)
အထူးကြပ်မတ်ကုသဆောင် (ICU) သည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော လူနာများအတွက် အဆင့်မြင့်ကုသမှုများနှင့် အထူးကြပ်မတ်စောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ကာ အသက်ရှင်သန်မှုအတွက် နောက်ဆုံးမျှော်လင့်ချက်ထားရာနေရာဖြစ်သည်။
Intermittent fasting (အချိန်ပိုင်းအစာရှောင်ခြင်း)
မိမိနှင့်ကိုက်ညီသော အချိန်ပိုင်းအစာရှောင်ခြင်းအမျိုးအစားကို လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် ကိုယ်အလေးချိန်လျော့ကျစေခြင်းအပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေသည်။
Immunization in children (ကလေးများနှင့် ကာကွယ်ဆေး)
ကလေးများကို အသက်အန္တရာယ်ရှိစေသော သို့မဟုတ် နာတာရှည် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာမသန်စွမ်းခြင်းများ ဖြစ်စေနိုင်သော ကူးစက်ရောဂါများကို ကာကွယ်ဆေးများ စနစ်တကျ အချိန်မှန်ထိုးခြင်းဖြင့် ကာကွယ်နိုင်သည်။
Immunity in childhood (ကလေး၏ ကိုယ်ခံစွမ်းအား)
ကလေးငယ်များ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု၊ ရောဂါပိုးဒဏ် ခံနိုင်ရည်ရှိမှုအတွက် အရေးကြီးသော ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန် လုပ်ဆောင်သင့်သည့် နည်းလမ်းများကို မိဘများမှ သိရှိလိုက်နာရန် လိုအပ်သည်။
