CLL HEALTH ကျန်းမာသုတ
Birth, Intrapartum Care and Immediate Postnatal Interventions (ဘေးကင်းကျန်းမာစွာ ကလေးမွေးဖွားခြင်းနှင့် မွေးဖွားပြီး ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းများ)
ဘေးကင်းကျန်းမာစွာ ကလေးမွေးဖွားခြင်းအတွက် ခေတ်မီဆေးပညာအရ စနစ်တကျ ကြိုတင်ပြင်ဆင်ခြင်း၊ မွေးဖွားစဉ်ဂရုစိုက်ခြင်းနှင့် မီးဖွားပြီးနောက် ရှေးရိုးစွဲအယူအဆအမှားများကို ရှောင်ကြဉ်၍ ပြုစုစောင့်ရှောက်ခြင်းသည် မိခင်နှင့် မွေးကင်းစကလေးငယ်များ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်သည်။
Betel Chewing and Health (ကွမ်းစားခြင်းနှင့် ကျန်းမာရေး)
ကွမ်းစားခြင်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ရှိခဲ့သော လူမှုရေးဆိုင်ရာ အလေ့အထတစ်ခုဖြစ်သော်လည်း ကာလကြာရှည်စွာ ကွမ်းစားခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်သဖြင့် ရှောင်ကြဥ်သင့်သည်။
Breast feeding (မိခင်နို့တိုက်ကျွေးခြင်း)
မိခင်နို့သည် အသက် (၆) လအောက် ကလေးငယ်များအတွက် အကောင်းဆုံး အစာအာဟာရဖြစ်ပြီး ကလေးများ၏ ဘဝရှင်သန်ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။
BCG (ဘီစီဂျီ ကာကွယ်ဆေး)
ဘီစီဂျီဆေးသည် တီဘီရောဂါ ကာကွယ်ဆေးဖြစ်ပြီး သာမန်အဆုတ်တီဘီရောဂါကို အပြည့်အဝ မကာကွယ်နိုင်သော်လည်း တီဘီကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါ သို့မဟုတ် ပြင်းထန်တီဘီရောဂါများကို ကောင်းစွာကာကွယ်နိုင်သည်။
