CLL HEALTH ကျန်းမာသုတ
Night Terrors (ညအိပ်နေစဥ် ရုတ်တရက် ထိတ်လန့်ခြင်း)
ညအိပ်နေစဉ် ရုတ်တရက် ထိတ်လန့်ခြင်း (Night Terrors) သည် အချိန်တန်လျှင် အလိုအလျောက် ပျောက်ကင်းသွားတတ်သော်လည်း ကလေးအတွက် လုံခြုံဘေးကင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောအိပ်စက်မှု အလေ့အကျင့်များ ဖန်တီးပေးသင့်သည်။
Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)
နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်စေသော ကူးစက်ရောဂါ (Zoonosis) ဖြစ်ပြီး လင်းနို့ကိုက်ထားသော သစ်သီးများ၊ မသန့်ရှင်းသော ထန်းရည်၊ ဓနိရည်များ၊ ရောဂါပိုးရှိသည့် တိရစ္ဆာန်များနှင့် ထိတွေ့ထားသည့် အရည်များမှတစ်ဆင့် လူသို့အလွယ်တကူ ကူးစက်နိုင်ပြီး၊ လူအချင်းချင်း နီးကပ်စွာထိတွေ့မှုမှလည်း ပြန့်ပွါးကာ အသက်အန္တရာယ်ဖြစ်စေနိုင်သည်။
Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)
နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာသည် ရှားပါးသော ဦးခေါင်းနှင့် လည်ပင်းကင်ဆာ အမျိုးအစားတစ်ခုဖြစ်ပြီး အဖြစ်များသော လက္ခဏာများမှာ လည်ပင်းတွင် အကျိတ်ထွက်ခြင်း၊ နားပြဿနာများနှင့် နှာခေါင်းသွေးလျှံခြင်းတို့ဖြစ်သည်။
Nephrotic syndrome in adults [ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါ (လူကြီး)]
လူကြီးများတွင် ဖြစ်သော ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါသည် တွေ့ရနည်းသော်လည်း ပြင်းထန်သော လက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ ရှိသဖြင့် ထိရောက်စွာ ကုသရန်လိုသည်။
Neurofibromatosis – NF (အာရုံကြောအကျိတ်ငယ်များထွက်သောရောဂါ)
ဦးနှောက်၊ ကျောရိုးနှင့် အရေပြားများပေါ်တွင် အာရုံကြောအကျိတ်များ ဖြစ်ပေါ်စေသည့် မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ပုံမှန်စောင့်ကြည့်စစ်ဆေးမှုများဖြင့် နောက်ဆက်တွဲပြဿနာများကို ထိန်းချုပ်နိုင်သည်။
Neuroblastoma (သန္ဓေသား အာရုံကြောဆဲလ်များမှဖြစ်သောကင်ဆာ)
Neuroblastoma သည် အသက် (၅) နှစ်အောက်ကလေးများတွင် အဖြစ်များပြီး သန္ဓေသား အာရုံကြောဆဲလ်များမှ အဓိကဖြစ်ပွါးသော ကင်ဆာအမျိုးအစားဖြစ်သည်။



