CLL Health ကျန်းမာသုတ
Norovirus infection (နိုရိုဗိုင်းရပ်စ် အထက်လှန်အောက်လျှောကူးစက်ရောဂါ)
နိုရိုဗိုင်းရပ်စ် အထက်လှန်အောက်လျှောကူးစက်ရောဂါ (Norovirus infection) သည် ကူးစက်မှုနှုန်းအလွန်မြန်ဆန်၍ လူများအစုလိုက်အပြုံလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွါးခြင်း (outbreak) ကို မကြာခဏဖြစ်စေသော ရောဂါမျိုးဖြစ်သည်။
Nappy rash (ဆီးပူလောင်ခြင်း)
သေးခံအသုံးပြုသော ကလေးငယ်တိုင်းနီးပါး ဆီးပူလောင်ခြင်း ဖြစ်ပွားတတ်ပြီး စောစီးစွာသိရှိခြင်း၊ အချိန်မီပြုစုကုသခြင်းများဖြင့် နောက်ဆက်တွဲပြဿနာများကို ထိရောက်စွာ ကာကွယ်နိုင်သည်။
Neonatal jaundice (မွေးကင်းစကလေးအသားဝါခြင်း)
အသားဝါခြင်းသည် မွေးကင်းစကလေးများတွင် အလွန်အဖြစ်များပြီး စောစီးစွာသိရှိလျှင် လွယ်ကူထိရောက်စွာ ကုသနိုင်သော အခြေအနေဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ကြိုတင်ကာကွယ်နိုင်သည်။
Nasal polyp (နှာခေါင်းအသားပိုများ)
နှာခေါင်းအသားပိုများသည် ကင်ဆာမဟုတ်သော အလုံးအကျိတ် တစ်မျိုး ဖြစ်ပြီး အနေအထားပေါ်မူတည်၍ ဆေးဝါးဖြင့်ဖြစ်စေ၊ ခွဲစိတ်ကုသခြင်းဖြင့် ဖြစ်စေ ကုသနိုင်သည်။
Nephrotic syndrome in children (ဆီးအသားဓာတ်ပါကျောက်ကပ်ရောင်ရောဂါ) (ကလေး)
ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါသည် ပုံမှန်အားဖြင့် ကလေးအသက် (၁)နှစ် မှ (၆)နှစ်အတွင်းရှိ ယောက်ျားလေးများတွင် ပိုမိုဖြစ်ပွါးနိုင်ပြီး ရေရှည်ကုသမှုခံယူရမည့် ရောဂါမျိုးဖြစ်သည်။