CLL HEALTH ကျန်းမာသုတ
Social media and Mental health (လူမှုဆက်သွယ်ရေးမီဒီယာ နှင့် စိတ်ကျန်းမာရေး)
လူမှုဆက်သွယ်ရေးမီဒီယာသည် လူသားချင်းချိတ်ဆက်မှုကို မြှင့်တင်ပေးနိုင်သော်လည်း စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်သဖြင့် ဖန်သားပြင်ကြည့်ရှုချိန်ကို ကန့်သတ်၍ အသိသတိရှိရှိ ဘေးကင်းစွာ အသုံးပြုရန် လိုအပ်သည်။
Stay healthy during Holy Ramadan (ရမ်ဇာန် ဥပုသ်လကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းခြင်း)
အစ္စလာမ်ဘာသာဝင်တို့အတွက် အရေးကြီးသော ရမ်ဇာန် ဥပုသ်လတွင် ဥပုသ်ဆောက်တည်စဉ် သတိပြုရမည့် ကျန်းမာရေးအခြေအနေများကို သိရှိထားရန် လိုအပ်သကဲ့သို့ ကျန်းမာရေးချို့တဲ့သူများနှင့် ဆီးချိုဝေဒနာရှင်များ ဥပုသ်စောင့်လိုပါကလည်း ဆရာဝန်နှင့် ကြိုတင်တိုင်ပင်၍ သတိထားရမည့် အချက်များကို လိုက်နာရန် လိုအပ်သည်။
Speech and Language Therapy (SALT) (စကားပြောနှင့် ဘာသာစကားဆိုင်ရာကုထုံး)
စကားပြောနှင့် ဘာသာစကားဆိုင်ရာကုထုံး (SALT) သည် ဆက်သွယ်ပြောဆိုမှုနှင့် အစာမျိုခြင်းဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်ရန် ကူညီပေးခြင်းဖြင့် လူနာများ၏ ကိုယ်တိုင်ရပ်တည်နိုင်စွမ်းနှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးသည့် အရေးပါသော ကုသမှုဖြစ်သည်။
School Health (ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များ)
ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များသည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအပြင် ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အလွန်အရေးကြီးသော လုပ်ငန်းများဖြစ်သည်။
Stages of Puberty (အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း)
ကလေးဘဝမှ အရွယ်ရောက်ပြီးသူတစ်ယောက် အဖြစ်သို့ ကူးပြောင်းချိန်တွင် ခန္ဓာကိုယ်၌ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများလည်း အဆင့်ဆင့် ဖြစ်ပေါ်လာသည်။
Screen time (ကလေးနှင့် Screen time)
ယနေ့ခေတ် ကလေးများတွင် ဖုန်း၊ တီဗွီ၊ ဂိမ်း၊ ကွန်ပြူတာစသည့် မီဒီယာများကို ကြည့်ရှုချိန် (screen time) များလာသဖြင့် အာရုံစူးစိုက်မှုနှင့် လေ့လာသင်ယူမှု စွမ်းရည်များကို ထိခိုက်နိုင်သောကြောင့် မိဘအုပ်ထိန်းသူများမှ ထိန်းချုပ်ပြုပြင်ပေးရန် လိုအပ်သည်။
