CLL HEALTH ကျန်းမာသုတ
Environmental Toxins and Pregnancy (ကိုယ်ဝန်ဆောင်မိခင်များ သတိပြုသင့်သည့် ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ဓာတုပစ္စည်းများ)
ကိုယ်ဝန်ဆောင်စဉ် ပတ်ဝန်းကျင် အဆိပ်အတောက်များအား ကြိုတင်ကာကွယ်ခြင်းသည် မွေးဖွားလာမည့်ကလေးငယ်၏ တစ်သက်တာကျန်းမာရေးသာမက မျိုးဆက်ပေါင်းများစွာအထိ သက်ရောက်မှုရှိသည်။
Epigenetics (မျိုးဗီဇအပေါ် သက်ရောက်ပြောင်းလဲမှု)
Epigenetics ဆိုသည်မှာ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်အခြေအနေများသည် မျိုးဗီဇများ၏ လုပ်ဆောင်ချက်များကို ပြောင်းလဲပေးနိုင်သည့်ဖြစ်စဥ်ကို ဆိုလိုပြီး ကျန်းမာသော လူနေမှုစနစ်ကို ကျင့်သုံးခြင်းဖြင့် မိမိနှင့် နောင်မျိုးဆက်များအတွက် ရောဂါဘယကင်းဝေးကာ ကောင်းမွန်သော ဗီဇအမွေအနှစ်များကို ဖန်တီးယူနိုင်ကြောင်း ဖော်ပြချက်ဖြစ်သည်။
Early Childhood – Nurturing Care (ကလေးဘဝအစ ပြုစုပျိုးထောင်ခြင်း)
ကလေးဘဝအစ ပထမ (၂) နှစ်တာကာလအတွင်း မေတ္တာဖြင့် ပြုစုပျိုးထောင်မှုနှင့် အပြန်အလှန်တုံ့ပြန် ဂရုစိုက်မှုပေးခြင်းသည် ကလေးငယ်တစ်ဦး၏ တစ်သက်တာ ကျန်းမာရေး၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အောင်မြင်မှုတို့အတွက် အခိုင်မာဆုံးသော အုတ်မြစ်ကို ချမှတ်ပေးခြင်းဖြစ်သည်။
Early Brain Development (ကလေးဘဝအစောပိုင်း ဦးနှောက်ဖွံ့ဖြိုးမှု)
ကလေးငယ်တစ်ဦး၏ ဦးနှောက်သည် ပုံသေကားကျ ဖွံ့ဖြိုးလာခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်မှ ရရှိသော အတွေ့အကြုံများနှင့် လှုံ့ဆော်မှုများဖြင့် အစဉ်မပြတ် ထုဆစ်ပုံဖော်၍ ဖွံ့ဖြိုးလာသောအရာဖြစ်သည်။
Early Antenatal Booking (စောစီးစွာ ကိုယ်ဝန်အပ်နှံခြင်း)
စောစီးစွာ ကိုယ်ဝန်အပ်နှံခြင်းဖြင့် မိခင်နှင့် သန္ဓေသားအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်မီရရှိစေပြီး နောက်ဆက်တွဲ ပြဿနာများကို ကြိုတင်ကာကွယ်ပေးနိုင်သည့်အတွက် လုံခြုံစိတ်ချရသော မိခင်ဘဝနှင့် ကျန်းမာသန်စွမ်းသော ရင်သွေးငယ်ကို ပိုင်ဆိုင်နိုင်စေမည့် အကောင်းဆုံးသော အစပြုခြင်းဖြစ်သည်။
Exam Season – Health Tips (စာမေးပွဲကာလ ကျန်းမာရေးလမ်းညွှန်)
စာမေးပွဲကာလအတွင်း အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်းနှင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်းတို့သည် စာမေးပွဲကို အောင်မြင်စွာ ရင်ဆိုင်နိုင်ရန် အထိရောက်ဆုံးသော လက်နက်များ ဖြစ်ကြသည်။
