CLL Health ကျန်းမာသုတ
Emergencies
Acute Altered Mental Status (ရုတ်တရက် အသိစိတ်ပြောင်းလဲခြင်း)
ရုတ်တရက်အသိစိတ်ပြောင်းလဲမှုသည် အသက်အန္တရာယ်ထိရှိနိုင်သည့် အရေးကြီးသောလက္ခဏာ ဖြစ်ပြီး လျင်မြန်စွာစမ်းသပ်စစ်ဆေးကုသရန်လိုအပ်သည်။
Anaphylaxis (ပြင်းထန်သောဓာတ်မတည့်ခြင်း)
ဓာတ်မတည့်ခြင်းကြောင့် အသက်ရှူကျပ်ခြင်း၊ ရှော့ခ်ရခြင်း စသည့် အခြေအနေများ အချိန်တိုအတွင်း ဖြစ်ပေါ်လာပြီး အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်နိုင်သည်။
Acute loss of consciousness (ရုတ်တရက်သတိလစ်ခြင်း)
ရုတ်တရက်သတိလစ်ခြင်းကိုဖြစ်စေသည့် မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ သတိလစ်သူတိုင်းအား ရှေးဦးသူနာပြုစုခြင်း ချက်ချင်းပြုလုပ်ပြီး အရေးပေါ် ဆေးကုသမှုဌာနများသို့ အလျင်အမြန် ပို့ဆောင်ကုသမှု ပေးရမည်။
Acute severe dyspnoea (ရုတ်တရက်ပြင်းထန်စွာမောခြင်း (သို့မဟုတ်) အသက်ရှူကျပ်ခြင်း)
ရုတ်တရက် ပြင်းထန်စွာ မောပန်းခြင်း၊ မကြာခဏမောပန်းလေ့ရှိရာမှ ပိုမိုပြင်းထန်လာခြင်း၊ နာတာရှည်မောပန်းခြင်းများသည် အရေးပေါ် အခြေအနေဖြစ်နိုင်သဖြင့် အချိန်မီစနစ်တကျ ကုသမှုခံယူသင့်သည်။
Explore CLL Health