Smegma pearl in boys (ယောက်ျားလေး လိင်အင်္ဂါ အရေပြားအောက်ရှိ အဖုများ)

Smegma pearl in boys (ယောက်ျားလေး လိင်အင်္ဂါ အရေပြားအောက်ရှိ အဖုများ)

Smegma Pearl သည် ယောက်ျားလေးလိင်အင်္ဂါ အရေပြားအောက်တွင် အဆီများ၊ ချွေးများ၊ အရေပြား ဆဲလ်များနှင့် အရည်များ စုပြုံ၍ဖြစ်ပေါ်နေသော အဖုများဖြစ်သည်‌။ ထိုအဖုများသည် အဖြူရောင် (သို့မဟုတ်) အဝါရောင်၊ နို့အနှစ်ကဲ့သို့ဖြစ်ပြီး တစ်ခါတစ်ရံ အနံ့ရှိတတ်သည်။ ယေဘုယျအားဖြင့် အန္တရာယ် မရှိသော်လည်း မိဘများ စိုးရိမ်လေ့ရှိသော လက္ခဏာတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးကင်းစကလေးများတွင် လိင်တံထိပ်အရေပြား တင်းကျပ်နေခြင်းသည် ပုံမှန်ဖြစ်ပြီး အသက် (၂) နှစ် အရွယ်ခန့်တွင် တဖြည်းဖြည်းလျော့လာကာ နောက်သို့ဆွဲလှန်နိုင်လာသည်။ အသက် (၂)နှစ် မှ (၆)နှစ်အတွင်း၌ အရေပြားသည် လိင်တံထိပ်မှ စတင်ကွာလာပြီး အသက် (၁၇) နှစ်အရွယ်ရောက်လျှင် အများစုတွင် လုံးဝနောက်သို့ ဆွဲလှန်နိုင်သွားလေ့ရှိသည်။ ထိုသို့မကွာမီ အရေပြားအောက်တွင် အရေပြားဆဲလ်သေများ၊ အဆီများ၊ ချွေးနှင့် အရည်များစုပြီး အဖု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

‌‌ရောဂါလက္ခဏာများ

လိင်အင်္ဂါအ‌ရေပြားအောက်တွင်

  • အဖြူရောင် ( သို့မဟုတ်) အဝါရောင် အဖုများ၊ အလုံးများဖြစ်ခြင်း
  • နို့အနှစ်ကဲ့သို့ အဖြူ (သို့မဟုတ်) အဝါရောင် အဖတ်များထွက်ခြင်း
  • ယားယံခြင်း
  • အနံ့ရှိခြင်း စသည့်လက္ခဏာများ ရှိတတ်သည်။
နောက်ဆက်တွဲ ပြဿနာများ

ယေဘုယျအားဖြင့် နောက်ဆက်တွဲ ပြဿနာမရှိပါ။ တစ်ခါတစ်ရံ အရေပြားအောက်စုပြုံနေသော ဆဲလ်သေများ၊ အဆီများနှင့် ချွေးများကြောင့် ပိုးဝင်ရောက်ကာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတို့ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

လိင်တံနီရဲ၍ ရောင်နေခြင်း၊ လိင်တံမှ ပြည်ထွက်ခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်းနှင့် ဆီးသွားလျှင် လိင်တံထိပ် အရေပြားဖောင်းလာခြင်း စသည့်ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဆီး၊ သွေး စစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ပုံမှန်အားဖြင့် ကလေး၏ လိင်အင်္ဂါထိပ်ရှိ အရေပြားကို ကြည့်၍ ရောဂါသိရှိနိုင်သည်။ ပိုးဝင်ရောက်သော လက္ခဏာရှိပါက သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်။

ကုသခြင်း

ယေဘုယျအားဖြင့် ကုသရန်မလိုပါ။ နီခြင်း၊ ရောင်ရမ်းခြင်း၊ ထိလျှင်နာခြင်းစသော ပိုးဝင်သည့် လက္ခဏာများရှိလျှင် ပဋိဇီဝပိုးသတ်ဆေးများ လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

လိင်အင်္ဂါပတ်ဝန်းကျင်ကို ဆပ်ပြာနှင့် ရေသန့်ကို အသုံးပြု၍ ဆေးကြောသန့်စင်ပေးရန်လိုသည်။ ကလေး၏ လိင်တံထိပ်အ‌ရေပြားကို အတင်းဆွဲလှန်၍ သန့်ရှင်းရေး မလုပ်ရပါ။ ငယ်ရွယ်သောကလေးများတွင် ထိုအရေပြားကို သန့်ရှင်းပေးရန် မလိုသောကြောင့် အတင်းဆွဲလှန်ပါက အနာဖြစ်တတ်သည်။ ညစ်ပတ်နေသော သေးခံများကို ချက်ချင်းလဲပေးရန် လိုသည်။

References:

  1. Cleveland Clinic. (n.d.). Smegma. Retrieved August 5, 2025, from https://my.clevelandclinic.org/health/diseases/24281-smegma
  2. Royal Children’s Hospital Melbourne. (n.d.). Penis and foreskin care [PDF]. Retrieved August 5, 2025, from https://www.rch.org.au/uploadedFiles/Main/Content/kidsinfo/english-penis-and-foreskin-care.pdf
  3. Royal Children’s Hospital Melbourne. (n.d.). The penis and foreskin: Clinical practice guideline. Retrieved August 5, 2025, from https://www.rch.org.au/clinicalguide/guideline_index/the_penis_and_foreskin/

Published: 30 August 2024

Last updated: 2 October 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Rhesus (Rh) Disease (Rh သွေးအုပ်စု မကိုက်ညီခြင်း)
Mar 30, 2026
Diseases and Conditions

Rhesus (Rh) Disease (Rh သွေးအုပ်စု မကိုက်ညီခြင်း)

Rh-negative (အနှုတ်သွေး) ရှိသော မိခင်နှင့် Rh-positive (အပေါင်းသွေး)...

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)
Mar 29, 2026
Diseases and Conditions

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)

ကလေးငယ်များတွင်ဖြစ်ပွါးသော အသည်းအကျိတ်များသည် အန္တရာယ်မရှိသော အကျိတ်များ...

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)
Mar 29, 2026
Diseases and Conditions

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)

ပြန်ရည်ကြောစနစ် ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော ကင်ဆာကျိတ်မဟုတ်သည့်...