CLL HEALTH ကျန်းမာသုတ
Prevention of Preterm Birth and Low Birth Weight (လမစေ့၊ ပေါင်မပြည့်သောကလေး မွေးဖွားခြင်းကို ကြိုတင်ကာကွယ်ခြင်း)
ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် စောစီးစွာ ကိုယ်ဝန်စောင့်ရှောက်မှုခံယူခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်းနှင့် စည်းကမ်းစနစ်တကျ နေထိုင်ခြင်းတို့ဖြင့် လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းနှင့် မိမိရင်သွေးငယ်၏ ကျန်းမာရေးကို အကောင်းဆုံး အကာအကွယ်ပေးနိုင်သည်။
Parenting in the Modern World (ခေတ်သစ်ကမ္ဘာ၏ မိဘဘဝနှင့် ရင်သွေးပြုစုပျိုးထောင်ခြင်း)
ခေတ်သစ်ကမ္ဘာတွင် သားသမီးများကို ပြုစုပျိုးထောင်ရာ၌ နည်းပညာကို အသိပညာရှိရှိ လမ်းညွှန်ပေးခြင်းနှင့်အတူတွဲဖက်၍ မိဘများ၏ အစားထိုးမရနိုင်သော နွေးထွေးကြင်နာမှု (Tender Loving Care) ဖြင့် မျှတသော အလယ်အလတ်လမ်းစဉ်အတိုင်း သားသမီးများကို ပျိုးထောင်ပေးခြင်းသည် ဘက်စုံဖွံ့ဖြိုးပြီး စိတ်ဓာတ်ကြံ့ခိုင်သော ကလေးငယ်များ ဖြစ်လာစေရန်အတွက် အဓိကသော့ချက်ဖြစ်သည်။
Polypharmacy (ဆေးဝါးများစွာ သုံးစွဲနေခြင်း)
ဆေးဝါးများစွာ သုံးစွဲနေရသောအခြေအနေတိုင်းကို စနစ်တကျ ပြန်လည်စစ်ဆေးပြီး မလိုအပ်သော ဆေးဝါးများကို လျှော့ချခြင်းသည် သက်ကြီးရွယ်အိုများတွင် ဆေးဝါးဓာတ်ပြုမှု အန္တရာယ်မှ ကာကွယ်ပေးနိုင်ရုံသာမက ဘေးကင်းစိတ်ချရသော ကုသမှုရည်မှန်းချက်များကိုပါ အောင်မြင်စေသည်။
Preconception Care (ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်မှု)
ကိုယ်ဝန်မဆောင်မီကာလတွင် မိဘနှစ်ပါးစလုံးမှ ကျန်းမာသောနေထိုင်မှုပုံစံ၊ ပြည့်စုံသောအာဟာရနှင့် ဘေးကင်းသောပတ်ဝန်းကျင်ကို စနစ်တကျပြင်ဆင်ခြင်းသည် ကျန်းမာသန်စွမ်းသောရင်သွေးငယ်ကို ရရှိစေနိုင်ရုံသာမက မိသားစုတစ်ခုလုံး၏ ရေရှည်ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည့် ခိုင်မာသောခြေလှမ်းဖြစ်သည်။
Postnatal Care (မီးဖွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုများ)
မီးဖွားပြီးနောက် ပထမ (၆) ပတ်အတွင်း သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်းသည် မိခင်နှင့်ကလေးတွင် ဖြစ်ပွါးနိုင်သော ပြင်းထန်နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရုံသာမက မိခင်၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ပြန်လည်ကျန်းမာလာမှုနှင့် သားဆက်ခြားခြင်း အစီအစဉ်များအတွက်ပါ အလွန်အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည်။
Palliative care (ဝေဒနာသက်သာရေး ပြုစုကုသခြင်း)
ဝေဒနာသက်သာရေးကုသခြင်းသည် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရမှု လျော့ကျစေပြီး လူနာနှင့် ၎င်းမိသားစုတို့၏ ဘဝနေထိုင်မှုအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ပြုစုကုသခြင်းဖြစ်သည်။
