Healthcare Assistant Development Programme (HADP)

ရာနှုန်းပြည့် ပညာသင်ဆု ထောက်ပံ့မှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်း ချက်ချင်းရရှိနိုင်မည့် “ 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 (𝐇𝐀𝐃𝐏) ”⁣

အရည်အသွေး ပြည့်၀သော Healthcare Assistant များကို မွေးထုတ်ပေးမည့် HADP Programme အား အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်ခြင်း ဝန်ဆောင်မှုများစွာကို စဉ်ဆက်မပြတ် ဖြည့်ဆည်း ပေးနေသည့် CLL HEALTH မှ ဦးဆောင်၍ HEARTS Training Centre နှင့်အတူ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ဆိုသည်မှာ …

မြန်မာ့လူမှုအသိုင်းအ၀ိုင်းတစ်ခုလုံး၏ သက်ရှည်ကျန်းမာနိုင်ရေးကို ရှေးရှု၍ ကျန်းမာရေးအခန်း ကဏ္ဍတစ်ရပ်လုံးကို စောင့်ရှောက်မြှင့်တင်လိုသည့် စိတ်ဆန္ဒဖြင့် အစဥ်တစိုက် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းစု ဖြစ်ပါသည်။

𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 ဆိုသည်မှာ …

လူနာများအား စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ဆေးဘက်ဆိုင်ရာပညာရှင် များနှင့်အတူ လူနာများကို ထောက်ပံ့ကူညီပေးရမယ့် ရာထူး (ကျန်းမာရေးစောင့်ရှောက်မှု အကူ) ဖြစ်ပါသည်။

scholar image
ဘယ်သူတွေ လျှောက်ထားသင့်လဲ?
  • သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ လူနာပြုစုစောင့်ရှောက်ရေး (သို့) အများပြည်သူ ကျန်းမာရေး စောင့်‌ရှောက်မှု ၀န်ဆောင်မှုလုပ်ငန်းများကို စိတ်ပါ၀င်စားသူများ
  • လက်တွေ့အသုံးချကျွမ်းကျင်မှု သင်တန်းများနှင့် အလုပ်အကိုင်အာမခံချက်ကို လိုလားနေသူများ
  • အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရတာကို နှစ်သက်ပြီး ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းတွင် ကောင်းစွာအလုပ်လုပ်ကိုင်လိုသူများ
  • မြန်မာလူမှုအသိုင်းအ၀ိုင်း၏ ကျန်းမာရေးအခန်းကဏ္ဍတိုးတက်လာစေရန်အတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့လိုစိတ် ပြင်းပြသောကြောင့် career ပြောင်းလဲလုပ်ကိုင်ကြလိုသူများ
အကျိုးခံစားခွင့်များ
  • သင်တန်းကြေးနှင့် အထွေထွေကုန်ကျစရိတ်များအတွက် ရာနှုန်းပြည့် ထောက်ပံ့မှုနှင့် အခြားသောပံ့ပိုးမှုများ
  • အရည်အသွေးမြင့် စာတွေ့ ၊ လက်တွေ့ သင်ကြားမှုများ
  • On-Job Training (OJT) လုပ်ငန်းအတွေ့အကြုံများ
  • သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်
  • CLL HEALTH ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိသွားမည် ဖြစ်ပါသည်။

သင်တန်းကာလအနေဖြင့် (၃) လကြာမြင့်မည်ဖြစ်ပြီး

  • အသက် – ၁၈ နှစ် မှ ၂၅ နှစ် အတွင်း
  • ကျား / မ မရွေး
  • သတ်မှတ်ပညာအရည်အချင်း – သိပ္ပံတွဲအထူးပြု Grade-12 (သို့) တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ပြီးတဲ့သူတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုကို စိတ်ပါဝင်စားသော လူငယ် ၊ လူရွယ်တိုင်းအတွက် ပညာလည်းရ ကျွမ်းကျင်ရာဘဝအနာဂတ်ကိုပါ လျှောက်လှမ်းနိုင်မည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာသင်ဆု အခွင့်အလမ်းဖြစ်သောကြောင့် လက်လွှတ်မခံဘဲ ယခုပဲ လာရောက်လျှောက်ထားရန် ဖိတ်ခေါ်လိုက်ရပါသည်။

သင်တန်းအမှတ်စဥ် (၁) Batch-1 တွင် ပေးပို့လျှောက်ထားသည့် သင်တန်းသားများအနက်မှ အရည်အချင်းပြည့်မီသော သင်တန်းသားများကို စိစစ်ရွေးချယ်မည်ဖြစ်ပြီး လူဦးရေအကန့်အသတ်ဖြင့် သင်တန်းသားဦးရေ (၂၀) ဦးကိုသာ ထိရောက်စွာ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သဖြင့် အချိန်မီ လာရောက်လျှောက်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လျှောက်ထားလိုပါက အောက်ဖော်ပြပါ Form တွင် ဖြည့်စွက်နိုင်ပါသည်။

Application Form

လျှောက်လွှာပိတ်မည့်ရက်မှာ (၂၀/၆/၂၀၂၅) ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက

09 880 920 541
careers@cllhealth.com

သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Share