Covid 19 vaccination (ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခြင်း)

Covid 19 vaccination (ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခြင်း)

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများသည် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်သည့်အပြင် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကိုလည်း လျော့ကျစေသည်။ ကာကွယ်ဆေးများသည် ရောဂါပိုးများကို တိုက်ထုတ်ရန် ကိုယ်ခံအားစနစ်မှ ပဋိပစ္စည်းများကို ထွက်စေသည်။

ကိုဗစ် ၁၉ ကာကွယ်ဆေး အမျိုးအစားများ

ကိုဗစ် ၁၉ ကာကွယ်ဆေး အဓိကအမျိုးအစားများမှာ_

  • Messenger RNA (mRNA) vaccine
  • Vector vaccine
  • Protein subunit vaccine
  • Inactivated vaccines for covid 19 တို့ဖြစ်ကြသည်။

Messenger RNA (mRNA) vaccine
ထိုကာကွယ်ဆေးအမျိုးအစားသည် ဗိုင်းရပ်စ်ပိုးအရှင်ကို အသုံးပြုခြင်းမဟုတ်ဘဲ ဗိုင်းရပ်စ်ပိုးအကာ ပရိုတင်းအစိတ်အပိုင်းတစ်ခုဖြစ်သော mRNA ကို အသုံးပြုသည်။ ကာကွယ်ဆေးထိုးလိုက်လျှင် ထို mRNA ကို တုံ့ပြန်သည့်အနေဖြင့် ခန္ဓာကိုယ်မှ ပဋိပစ္စည်းထုတ်လုပ်ပေးပြီး ရောဂါပိုးတိုက်ထုတ်ရန် ကူညီပေးသည်။ နောက်ဆုံးထွက်ရှိထားသော mRNA ကာကွယ်ဆေးမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ နှစ်မျိုးအတွက် အဓိကထားပြီး အထူးထုတ်လုပ်ထားသော bivalent Covid 19 mRNA vaccine ဖြစ်သည်။ ထိုကာကွယ်ဆေးသည် ပိုမိုကောင်းမွန်သော ကိုယ်ခံအားကို ဖြစ်ပေါ်စေပြီး ကာကွယ်နိုင်စွမ်းနှင့် ကာကွယ်နိုင်ချိန်ကို ပိုမိုမြင့်မားစေသည်။ ရရှိနိုင်သော mRNA vaccines အမျိုးအစားများမှာ_

  • Pfizer-BioNTech Comirnaty covid 19 vaccine
  • Moderna Spikevax covid 19 vaccine
  • Bivalent covid 19 mRNA vaccines တို့ဖြစ်သည်။
Covid 19 vaccination image

Viral vector-based vaccines
ထိုကာကွယ်ဆေးအမျိုးအစားသည် အန္တရာယ်မရှိသော ဗိုင်းရပ်စ် (adenovirus)ကို အသုံးပြု၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်သည်။ ထိုဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသောအခါ ကိုဗစ် ၁၉ ရောဂါပိုး မျက်နှာပြင်ရှိပရိုတင်းကို ထုတ်လုပ်ပေးခြင်းဖြင့် ခုခံအားစနစ်ကို ပိုမိုကောင်းမွန်သော လှုံ့ဆော်မှုကိုပေးသည်။ ရရှိနိုင်သော viral vector-based vaccines များမှာ_

  • Janssen Jcovden (Johnson & Johnson)
  • Astrazeneca Vaxzevria covid 19 vaccine (Covishield) တို့ဖြစ်သည်။

Protein subunit vaccines (Novavax)
ကိုဗစ် ၁၉ ဗိုင်းရပ်စ်၏ အန္တရာယ်မရှိသော သန့်စင်ထားသည့် ပရိုတင်းအပိုင်းအစများကို အသုံးပြုသည်။ ထိုပရိုတင်းကို ခုခံအားစနစ်မှ မှတ်သားထားပြီး ရောဂါပိုးတိုက်ထုတ်နိုင်သည့် ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ် စေသည်။ ယခုနောက်ပိုင်း နိုင်ငံအတော်များများတွင် ထပ်မံရရှိနိုင်သော ကာကွယ်ဆေးဖြစ်သည်။

Inactivated vaccines for covid 19
ထိုကာကွယ်ဆေးအမျိုးအစားသည် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး အသေကို အသုံးပြုပြီး ခုခံအားစနစ်တုံ့ပြန်မှု ကောင်းမွန်စေရန် လုပ်ဆောင်ပေးသည်။ ရရှိနိုင်သော inactivated vaccines အမျိုးအစားများမှာ_

  • Sinovac
  • Sinopharm
  • Bharat Biotech (Covaxin) တို့ဖြစ်သည်။

အထက်ဖော်ပြပါ ကိုဗစ်ကာကွယ်ဆေးများကို အသက်အရွယ်၊ ရောဂါအခံများနှင့် ကိုယ်ခံအား၊ နောက်ဆုံးထိုးထားသည့်အချိန်နှင့် နေရာ‌ဒေသအလိုက် ရရှိနိုင်သော ကာကွယ်ဆေး အမျိုးအစားများပေါ် မူတည်၍ ထိုးရန်လိုအပ်သည်။ လက်မောင်းအပေါ်ပိုင်း (သို့မဟုတ်) ပေါင်တို့တွင် အသားထဲသို့ ထိုးပေးနိုင်သည်။

ကိုဗစ် (၁၉) ရောဂါကာကွယ်‌ဆေးနှင့် ပတ်သတ်၍ အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုငှာန၏ လတ်တလောနောက်ဆုံးထုတ်ပြန်ချက်များ

လက်ရှိပျံ့နှံ့နေသော ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲများကို ထိရောက်စွာ အကောင်းဆုံးကာကွယ်နိုင်ရန် ၂၀၂၄ – ၂၀၂၅ ခုနှစ် ကိုဗစ်ကာကွယ်ဆေးများကို အသစ်ထပ်မံထုတ်လုပ်ထားကြောင်းနှင့် ထိုကာကွယ်ဆေးများကို ထပ်ဆောင်းထိုးထားရန် လိုအပ်ကြောင်း ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဗဟိုဌာနမှ ထုတ်ပြန်ထားသည်။

အသစ်ထွက်ရှိထားသော ၂၀၂၄ – ၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေး ထပ်မံထိုးရန် လိုအပ်သော အကြောင်းရင်းမှာ_

  • ယခင်က ကိုဗစ် (၁၉) ရောဂါကူးစက်ခံရဖူးခြင်းကြောင့် ရရှိထားသော ကိုယ်ခံအားသည် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာခြင်း
  • ယခင်ထွက်ရှိထားသော ကိုဗစ် (၁၉) ကာကွယ်ဆေးများ ထိုးထားခြင်းကြောင့် ရရှိထားသော ရောဂါကာကွယ်နိုင်စွမ်းအားများသည် ကာလကြာလာသည်နှင့်အမျှ လျော့နည်းလာခြင်း
  • ဗိုင်းရပ်စ်မျိုးကွဲသစ်များ ထပ်မံထွက်ပေါ်လာခြင်း စသည်တို့ကြောင့် ယခုနောက်ဆုံးထွက်ရှိထားသော ကာကွယ်ဆေးကို မဖြစ်မနေထိုးထားရန် လိုအပ်သည်

နောက်ဆုံးထွက်ရှိထားသော ၂၀၂၄ – ၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးရန် လိုအပ်သူများ
အသက် (၆) လနှင့်အထက်ရှိသူတိုင်း မည်သူမဆို ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို ထိုးနှံထားသင့်သည်။ အထူးသဖြင့် မဖြစ်မနေထိုးထားရန် လိုအပ်သူများမှာ_

  • ယခင်ထွက်ရှိထားသော ကိုဗစ် (၁၉) ကာကွယ်ဆေးများကို တစ်ကြိမ်မျှ မထိုးနှံဖူးသူများ
  • အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ
  • ‌ကိုဗစ် (၁၉) ‌‌ရောဂါ ကူးစက်ခံရလျှင် ရောဂါပြင်းထန်နိုင်ခြေများသူများ
    (ဥပမာ_ဆီးချိုရောဂါ၊ ကင်ဆာ‌ရောဂါ၊ လေဖြတ်ရောဂါ၊ အိတ်ချ်ပ်အိုင်ဗွီရောဂါ၊ နာတာရှည် ကျောက်ကပ်၊ အသည်း၊ အဆုတ်ရောဂါများ)
  • ကိုယ်ဝန်ဆောင်များ၊ ကလေးနို့တိုက်မိခင်များ ဖြစ်ကြသည်။
၂၀၂၄ – ၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးများ

၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးများသည် လက်ရှိပျံ့ပွားနေသော အိုမီခရွမ်ဗိုင်းရပ်စ်၏ မျိုးစိတ်ကွဲတစ်ခုဖြစ်သည့် ( JN. 1/ XBB. 1.5) မျိုးစိတ်ကို ဦးတည်ထုတ်လုပ်ထားသော အမျိုးအစားဖြစ်သည်။

၂၀၂၄-၂၀၂၅ ကိုဗစ်ကာကွယ်ဆေး အမျိုးအစားများမှာ_

  • 2024-2025 Moderna COVID-19 Vaccine (အသက် ၆ လမှစ၍ စတင်ထိုးနှံနိုင်သည်)
  • 2024 – 2025 Pfizer-BioNTech COVID-19 Vaccine (အသက် ၆ လမှစ၍ စတင်ထိုးနှံနိုင်သည်)
  • 2024 – 2025 Novavax COVID-19 Vaccine (အသက် ၁၂ နှစ်မှစ၍ စတင်ထိုးနှံနိုင်သည်) တို့ဖြစ်ကြသည်။

၂၀၂၄-၂၀၂၅ အတွက် ထုတ်လုပ်ထားသော Moderna နှင့် Pfizer အမျိုးအစားများသည် ယခင်မျိုးစိတ်များအတွက် ထုတ်လုပ်ဖူးသော ကာကွယ်ဆေးများကဲ့သို့ပင် ဗိုင်းရပ်စ်ပိုးအကာ (membrane) ပရိုတင်းအစိတ်အပိုင်းတစ်ခုဖြစ်သော mRNA ကို အသုံးပြုထားပြီး အိုမီခရွမ်ဗိုင်းရပ်မျိုးစိတ်ကွဲ (JN. 1/ XBB. 1.5) အတွက် ထပ်မံထုတ်လုပ်ထားခြင်းပင်ဖြစ်သည်။ နောက်ဆုံးတွင် ထွက်ရှိထားသော Novavax ကာကွယ်ဆေးအမျိုးအစားသည် ပရိုတင်းကို အခြေခံထုတ်လုပ်ထားသော ကာကွယ်ဆေးအမျိုးအစားဖြစ်သည်။ ဤကာကွယ်ဆေး (၃) မျိုးလုံးသည် ရောဂါကာကွယ်နိုင်စွမ်းတွင် မခြားနားသော်လည်း ပရိုတင်းကို အခြေခံထုတ်လုပ်ထားသော Novavax ကာကွယ်ဆေးသည် mRNA ကို အသုံးပြုပြီးထုတ်လုပ်ထားသော Moderna, Pfizer ကာကွယ်ဆေးတို့နှင့် နှိုင်းယှဥ်လျှင် ဘေးထွက်ဆိုးကျိုး အနည်းငယ်လျော့နည်းသည်ကို တွေ့ရှိရသည်။

ကာကွယ်ဆေးထိုးနိုင်ရန် အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုငှာန၏ ညွှန်ကြားချက်များ

2024-2025 Moderna COVID-19 Vaccine ထိုးနှံရန် ညွှန်ကြားချက်
အသက်အရွယ်ယခင်ကိုဗစ်(၁၉) ကာကွယ်ဆေးထိုးဖူးခြင်း ရှိ/မရှိထပ်မံထိုးနှံရန် လိုအပ်ချက်
အသက် (၆)လ မှ (၄)နှစ်အထိ
ယခင် ကိုဗစ် (၁၉) ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်း မရှိလျှင်၂၀၂၄-၂၀၂၅ Moderna ကိုဗစ်ကာကွယ်ဆေး (၂) ကြိမ်ပြည့်အောင်ထိုးရန် လိုအပ်သည်
ပထမအကြိမ် ထိုးခြင်း (dose 1)
ဒုတိယအကြိမ် ထိုးခြင်း (dose 2) [ပထမအကြိမ် ထိုးပြီးနောက် အနည်းဆုံး (၄)ပတ်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရန် လိုအပ်သည်]
Moderna ကိုဗစ် (၁၉) ကာကွယ်ဆေး တစ်မျိုးမျိုးကို တစ်ကြိမ်ထိုးဖူးလျှင် (dose 1)ပထမအကြိမ် (dose 1) ထိုးပြီးနောက် အနည်းဆုံး (၄)ပတ်အကြာတွင် ၂၀၂၄-၂၀၂၅ Moderna ကိုဗစ်ကာကွယ်ဆေးကို ဒုတိယအကြိမ်အနေဖြင့် (dose 2) ထိုးပေးရန် လိုအပ်သည်
ယခင်က Moderna ကိုဗစ် (၁၉) ကာကွယ်ဆေး အမျိုးအစားများကို (၂) ကြိမ်နှင့်အထက် ထိုးဖူးသော်လည်း ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို တစ်ကြိမ်မျှ မထိုးဖူးသေးလျှင်နောက်ဆုံးအကြိမ် ဆေးထိုးပြီးနောက် အနည်းဆုံး (၈)ပတ်အကြာတွင် ၂၀၂၄-၂၀၂၅ Moderna ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ်ထိုးပေးရန် လိုအပ်သည်
ယခင်က Moderna ကိုဗစ် (၁၉) ကာကွယ်ဆေး အမျိုးအစားများကို (၂)ကြိမ်နှင့် အထက် ထိုးဖူးပြီး၊ ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကိုလည်း အနည်းဆုံး တစ်ကြိမ် ထိုးဖူးလျှင်နောက်ထပ် မည်သည့်ကိုဗစ် (၁၉) ကာကွယ်ဆေးကိုမျှ ထပ်မံထိုးရန် မလိုအပ်ပါ
အသက် (၅) နှစ်နှင့်အထက် ကလေးများနှင့် လူကြီးများ
ယခင် ကိုဗစ် (၁၉) ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်း မရှိလျှင်၂၀၂၄- ၂၀၂၅ Moderna ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ် ထိုးရန် လိုအပ်သည်
ယခင်က ကိုဗစ် (၁၉) ကာကွယ်ဆေး မည်သည့်အမျိုးအစားမဆို၊ အကြိမ်အရေအတွက် မည်မျှထိုးထားသည်ဖြစ်စေ ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို တစ်ကြိမ်မျှ မထိုးထားဖူးလျှင်နောက်ဆုံးအကြိမ် ဆေးထိုးပြီးနောက် အနည်းဆုံး (၈) ပတ်အကြာတွင် ၂၀၂၄- ၂၀၂၅ Moderna ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ် ထိုးနှံရန် လိုအပ်သည်
ယခင်က ကိုဗစ် (၁၉) ကာကွယ်ဆေးများ ထိုးဖူးသည့်အပြင် ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို အနည်းဆုံး တစ်ကြိမ် ထိုးဖူးလျှင်နောက်ထပ်မည်သည့် ကိုဗစ် (၁၉) ကာကွယ်ဆေးကိုမျှ ထပ်မံထိုးရန် မလိုအပ်ပါ
2024-2025 Pfizer-BioNTech COVID-19 Vaccine ထိုးနှံရန် ညွှန်ကြားချက်
အသက်အရွယ်ယခင်ကိုဗစ်(၁၉) ကာကွယ်ဆေးထိုးဖူးခြင်း ရှိ/မရှိထပ်မံထိုးနှံရန် လိုအပ်ချက်
အသက် (၆)လ မှ (၄)နှစ်အထိ
ယခင် ကိုဗစ် (၁၉) ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်း မရှိလျှင်၂၀၂၄-၂၀၂၅ Pfizer ကိုဗစ် (၁၉) ကာကွယ်ဆေး (၃) ကြိမ်ပြည့်အောင်ထိုးရန် လိုအပ်သည်
ပထမအကြိမ် ထိုးခြင်း (dose 1)
ဒုတိယအကြိမ် ထိုးခြင်း (dose 2) [ပထမအကြိမ် ထိုးပြီးနောက် အနည်းဆုံး (၃)ပတ်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရန် လိုအပ်သည်]
တတိယအကြိမ် ထိုးခြင်း (dose 3) [ဒုတိယအကြိမ် ထိုးပြီးနောက် အနည်းဆုံး (၈) ပတ်အကြာတွင် တတိယအကြိမ် ထပ်မံထိုးနှံရန် လိုအပ်သည်]
Pfizer ကိုဗစ် (၁၉) ကာကွယ်ဆေး တစ်မျိုးမျိုးကို တစ်ကြိမ်ထိုးဖူးလျှင် (dose 1)ပထမအကြိမ် (dose 1) ထိုးပြီးနောက် အနည်းဆုံး (၃)ပတ်အကြာတွင် ၂၀၂၄-၂၀၂၅ Pfizer ကိုဗစ်ကာကွယ်ဆေးကို ဒုတိယအကြိမ် (dose 2) အနေဖြင့် ထိုးပေးရန် လိုအပ်သည်
ဒုတိယအကြီမ် ထိုးပြီးနောက် အနည်းဆုံး (၈) ပတ်အကြာတွင် တတိယအကြိမ်အနေဖြင့် (dose 3) ထိုးပေးရန် လိုအပ်သည်
Pfizer ကိုဗစ် (၁၉) ကာကွယ်ဆေးတစ်မျိုးမျိုးကို နှစ်ကြိမ်ထိုးဖူးလျှင် (dose 1 and 2)ဒုတိယအကြိမ် (dose 2) ထိုးပြီးနောက် အနည်းဆုံး (၈) ပတ်အကြာတွင် ၂၀၂၄-၂၀၂၅ Pfizer ကိုဗစ်ကာကွယ်ဆေးကို တတိယအကြိမ် (dose 3) အနေဖြင့် ထိုးပေးရန် လိုအပ်သည်
ယခင်က Pfizer ကိုဗစ် (၁၉) ကာကွယ်ဆေးတစ်မျိုးမျိုးကို (၃) ကြိမ်နှင့်အထက် ထိုးဖူးသော်လည်း ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို တစ်ကြိမ်မျှ မထိုးဖူးသေးလျှင်နောက်ဆုံးအကြိမ် ဆေးထိုးပြီးနောက် အနည်းဆုံး (၈) ပတ်အကြာတွင် ၂၀၂၄-၂၀၂၅ Pfizer ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ် ထိုးပေးရန် လိုအပ်သည်
ယခင်က Pfizer ကိုဗစ် (၁၉) ကာကွယ်ဆေးတစ်မျိုးမျိုးကို (၃) ကြိမ်နှင့်အထက် ထိုးဖူးပြီး ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကိုလည်း အနည်းဆုံး တစ်ကြိမ် ထိုးဖူးလျှင်နောက်ထပ် မည်သည့်ကိုဗစ် (၁၉) ကာကွယ်ဆေးကိုမျှ ထပ်မံထိုးရန် မလိုအပ်ပါ
အသက် (၅) နှစ်နှင့်အထက် က‌လေးများနှင့် လူကြီးများ
ယခင် ကိုဗစ် (၁၉) ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်း မရှိလျှင်င်၂၀၂၄-၂၀၂၅ Pfizer ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ်ထိုးရန် လိုအပ်သည်
ယခင်က ကိုဗစ် (၁၉) ကာကွယ်ဆေး မည်သည့်အမျိုးအစားမဆို၊ အကြိမ်အရေအတွက် မည်မျှထိုးထားသည်ဖြစ်စေ ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို တစ်ကြိမ်မျှ မထိုးထားဖူးလျှင်နောက်ဆုံးအကြိမ် ဆေးထိုးပြီးနောက် အနည်းဆုံး (၈) ပတ်အကြာတွင် ၂၀၂၄-၂၀၂၅ Pfizer ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ်ထိုးနှံရန် လိုအပ်သည်
ယခင်က ကိုဗစ် (၁၉) ကာကွယ်ဆေးများ ထိုးဖူးသည့်အပြင် ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို အနည်းဆုံး တစ်ကြိမ် ထိုးဖူးလျှင်နောက်ထပ်မည်သည့် ကိုဗစ် (၁၉) ကာကွယ်ဆေးကိုမျှ ထပ်မံထိုးရန် မလိုအပ်ပါ
2024-2025 Novavax COVID-19 Vaccine ထိုးနှံရန် ညွှန်ကြားချက်
အသက်အရွယ်ယခင်ကိုဗစ်(၁၉) ကာကွယ်ဆေးထိုးဖူးခြင်း ရှိ/မရှိထပ်မံထိုးနှံရန် လိုအပ်ချက်
အသက် (၁၂) နှစ်နှင့်အထက်
ယခင် ကိုဗစ် (၁၉) ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်း မရှိလျှင်၂၀၂၄-၂၀၂၅ Novavax ကိုဗစ်ကာကွယ်ဆေး (၂) ကြိမ်ပြည့်အောင်ထိုးရန် လိုအပ်သည်
ပထမအကြိမ် ထိုးခြင်း (dose 1)
ဒုတိယအကြိမ် ထိုးခြင်း (dose 2) [ပထမအကြိမ် ထိုးပြီးနောက် အနည်ဆုံး (၃)ပတ်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရန် လိုအပ်သည်]
၂၀၂၄-၂၀၂၅ Novavax ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ် ထိုးနှံထားဖူးလျှင် (dose 1)ပထမအကြိမ် (dose 1) ဆေးထိုးပြီးနောက် အနည်းဆုံး (၃)ပတ် အကြာတွင် ၂၀၂၄-၂၀၂၅ Novavax ကိုဗစ်ကာကွယ်ဆေးကို ဒုတိယအကြိမ် (dose 2) အနေဖြင့် ထပ်မံထိုးရန် လိုအပ်သည်
ယခင်က ကိုဗစ် (၁၉) ကာကွယ်ဆေး မည်သည့်အမျိုးအစားမဆို၊ အကြိမ်အရေအတွက် မည်မျှထိုးထားသည်ဖြစ်စေ ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို တစ်ကြိမ်မျှ မထိုးထားဖူးလျှင်နောက်ဆုံးအကြိမ် ဆေးထိုးပြီးနောက် အနည်းဆုံး (၈) ပတ်အကြာတွင် ၂၀၂၄- ၂၀၂၅ Novavax ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ်ထိုးနှံရန် လိုအပ်သည်
ယခင်က ကိုဗစ် (၁၉) ကာကွယ်ဆေးများ ထိုးဖူးသည့်အပြင် ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးကို အနည်းဆုံး တစ်ကြိမ်ထိုးဖူးလျှင်နောက်ထပ်မည်သည့် ကိုဗစ် (၁၉) ကာကွယ်ဆေးကိုမျှ ထပ်မံထိုးရန် မလိုအပ်ပါ
အသက် (၆၅) နှစ်နှင့်အထက်တွင် ထိုးရန် ညွှန်ကြားချက်များ

ယခင်က ကိုဗစ် (၁၉) ကာကွယ်ဆေးကို လုံးဝမထိုးထားဖူးလျှင်
2024-2025 Moderna (သို့မဟုတ်) Pfizer ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးမည်ဆိုပါက (၂) ကြိမ်ပြည့်အောင်ထိုးရန် လိုအပ်သည်။ ပထမအကြိမ် ဆေးထိုးပြီးနောက် (၆) လအကြာ (လိုအပ်လျှင် အနည်းဆုံး (၂) လအကြာ) တွင် ဒုတိယအကြိမ် ထပ်မံထိုးရန် လိုအပ်သည်။ အကယ်၍ 2024-2025 Novavax ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးမည်ဆိုပါက အထက်တွင် ဖော်ပြထားသည့်အတိုင်း (၂) ကြိမ် ထိုးနှံပြီးနောက် (၆) လအကြာတွင် တစ်ကြိမ် ထပ်မံထိုးနှံပေးရန် လိုအပ်သည်။

၂၀၂၄ – ၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးမဟုတ်ဘဲ ယခင်ထုတ်လုပ်ထားသော ကိုဗစ် (၁၉) ကာကွယ်ဆေးကို ထိုးနှံထားဖူးလျှင်
2024-2025 Moderna (သို့မဟုတ်) Novavax (သို့မဟုတ်) Pfizer ကိုဗစ် (၁၉) ကာကွယ်ဆေးတစ်မျိုးမျိုးကို နောက်ဆုံးအကြိမ် ဆေးထိုးပြီးနောက် အနည်းဆုံး (၈)ပတ် အကြာတွင် တစ်ကြိမ်ထိုးနှံရန် လိုအပ်သည်။ ထိုသို့ ထိုးနှံပြီးနောက် (၆) လအကြာတွင် နောက်ထပ်တစ်ကြိမ် ထပ်မံထိုးနှံရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များဖြစ်လျှင်
ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်နေစဥ်နှင့် ကလေးမွေးဖွားပြီးချိန်များတွင် ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပြီး မိခင်ရော၊ ကလေးကိုပါ ကာကွယ်ပေးနိုင်သည်။ ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်နေစဥ် အချိန်များတွင် 2024-2025 Moderna (သို့မဟုတ်) Pfizer ကိုဗစ် (၁၉) ကာကွယ်ဆေးများကို အန္တရာယ်ကင်းစွာ ထိုးနှံနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

ဤကာကွယ်ဆေးများကြောင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများသည် ယခင်ကထုတ်လုပ်ခဲ့သော ကာကွယ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများနှင့် ကွာခြားခြင်းမရှိပါ။ ကိုဗစ်ကာကွယ်ဆေးများသည် သာမန်ဘေးထွက်ဆိုးကျိုးများ အဖြစ်များတတ်သော်လည်း ပြင်းထန်သည့် ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်လေ့မရှိပါ။ ဘေးထွက်ဆိုးကျိုးများမှာ ကာကွယ်ဆေးထိုးပြီး (၇)ရက်အတွင်း ဖြစ်ပေါ်လေ့ရှိပြီး အများစုမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ နုံးချည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း အစရှိသော သာမန်လက္ခဏာများသာ ဖြစ်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးအနေဖြင့် နှလုံးကြွက်သားရောင်ခြင်း၊ နှလုံးအမြှေးပါးရောင်ခြင်းတို့ ရှားပါးစွာ ဖြစ်ပေါ်နိုင်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Stay up to date with COVID-19 vaccines. Retrieved July 6, 2025, from https://www.cdc.gov/covid/vaccines/stay-up-to-date.html?CDC_AAref_Val=https://www.cdc.gov/coronavirus/2019-ncov/vaccines/stay-up-to-date.html
  2. Centers for Disease Control and Prevention. (n.d.). Overview of COVID-19 vaccines. Retrieved July 6, 2025, from https://archive.cdc.gov/#/details?url=https://www.cdc.gov/coronavirus/2019-ncov/vaccines/different-vaccines/overview-COVID-19-vaccines.html
  3. Centers for Disease Control and Prevention. (n.d.). Clinical considerations for COVID-19 vaccines. Retrieved July 6, 2025, from https://www.cdc.gov/covid/hcp/vaccine-considerations/index.html?CDC_AA_refVal=https%3A%2F%2Fwww.cdc.gov%2Fvaccines%2Fcovid-19%2Fclinical-considerations%2Finterim-considerations-us.html
  4. U.S. Food and Drug Administration. (n.d.). Moderna COVID-19 vaccine. Retrieved July 6, 2025, from https://www.fda.gov/vaccines-blood-biologics/coronavirus-covid-19-cber-regulated-biologics/moderna-covid-19-vaccine
  5. U.S. Food and Drug Administration. (n.d.). Pfizer-BioNTech COVID-19 vaccine. Retrieved July 6, 2025, from https://www.fda.gov/vaccines-blood-biologics/coronavirus-covid-19-cber-regulated-biologics/pfizer-biontech-covid-19-vaccine
  6. U.S. Food and Drug Administration. (n.d.). Novavax COVID-19 vaccine, adjuvanted. Retrieved July 6, 2025, from https://www.fda.gov/vaccines-blood-biologics/coronavirus-covid-19-cber-regulated-biologics/novavax-covid-19-vaccine-adjuvanted
  7. World Health Organization. (n.d.). COVID-19 vaccines advice. Retrieved July 6, 2025, from https://www.who.int/emergencies/diseases/novel-coronavirus-2019/covid-19-vaccines/advice
  8. British Society for Immunology. (n.d.). Types of COVID-19 vaccines. Retrieved July 6, 2025, from https://www.immunology.org/public-information/vaccine-resources/covid-19/covid-19-vaccine-infographics/types-covid19-vaccines
  9. Health Canada. (n.d.). Vaccines for COVID-19. Retrieved July 6, 2025, from https://www.canada.ca/en/health-canada/services/drugs-health-products/covid19-industry/drugs-vaccines-treatments/vaccines.html
  10. National Health Service (NHS). (n.d.). About COVID-19 vaccination. Retrieved July 6, 2025, from https://www.nhs.uk/conditions/covid-19/covid-19-vaccination/about-covid-19-vaccination/

Published Date: 26 October 2024

Last updated: 29 July 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.