Care Associate Foundation Programme (CAFP)

တကယ်လို့ သင်ဟာ 𝟏𝟎𝟎% ထောက်ပံ့မှုနဲ့ အတတ်ပညာသင်ယူပြီး အလုပ်အကိုင် ချက်ချင်းရရှိနိုင်တဲ့ အခွင့်အလမ်းနဲ့အတူ Future Career Pathway အတွက် အတူတကွပုံဖော်တည်ဆောက်နိုင်မယ့် လုပ်ငန်းခွင် တစ်ခု ရှာဖွေနေပါသလား

သင့်ရဲ့ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းအတွက် အစအဆုံးတာဝန်ယူပေးမယ့် Care Associate Foundation Programme (CAFP) ရှိနေပါပြီ

CAFP
ဒီ Programme တက်ရောက်ပါက
  • စာတွေ့၊ လက်တွေ့ (၆) လ ပညာသင်ယူရင်း လစာနှင့်အတူ အခြားခံစားခွင့်များရရှိခြင်း
  • နယ်ဝေးမှသူတွေအတွက် နေထိုင်ဖို့အဆောင်စီစဉ်ပေးခြင်း
  • ပညာသင်ယူပြီးတာနဲ့ အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အလုပ်သင်ဝန်ထမ်း (၆) လ အဖြစ် ဆက်လက်လုပ်ကိုင်နိုင်ခြင်း
  • အလုပ်သင်ဝန်ထမ်းကာလပြီးဆုံးလျှင် အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာသင့်လျော်တဲ့ ဌာနအသီးသီးမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြင်း
  • အနာဂတ် Career လမ်းကြောင်းများ ဆက်လက်တိုးတက်ဖို့ အခွင့်အလမ်းတွေရှိခြင်း
ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?
  • ကျား / မ  မရွေး
  • Grade 12 (သို့) တက္ကသိုလ်ဝင်တန်းအဆင့် အောင်မြင်ပြီးသူ
  • IGCSE (သို့) GED အောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို အခုပဲ ကျွန်ုပ်တို့နဲ့အတူတူ ပုံဖော်လိုက်ပါ။

လျှောက်ထားလိုပါက အောက်ဖော်ပြပါ Form တွင် ဖြည့်စွက်နိုင်ပါသည်။

Application Form

အသေးစိတ်သိရှိလိုပါက

09 880 920 541, 09 961 601 601
careers@cllhealth.com, careers@sealiongroup.com

သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Share