CLL HEALTH ကျန်းမာသုတ
Wilson Disease (ခန္ဓာကိုယ်အတွင်း ကြေးနီဓာတ်စုပုံသောရောဂါ)
ခန္ဓာကိုယ်မှ ပိုလျှံနေသော ကြေးနီဓာတ်များကို စွန့်ပစ်ဖယ်ရှားခြင်း မပြုနိုင်သည့်အတွက် အသည်း၊ ဦးနှောက်နှင့် မျက်လုံး အပါအဝင် အခြားသော ကိုယ်တွင်းအင်္ဂါများတွင် ကြေးနီဓာတ်များ စုပုံလာကာ အချိန်မီ ကုသမှုမပြုပါက အသက်အန္တရာယ် ထိခိုက်နိုင်သော မျိုးရိုးလိုက်ရောဂါတစ်မျိုးဖြစ်သည်။
Watery eyes (Epiphora) (မျက်ရည်ကျခြင်း)
အကြောင်းရင်းများစွာကြောင့် မျက်ရည်ကျခြင်းဖြစ်နိုင်ပြီး အမြင်အာရုံဝေဝါးခြင်းစသည့် အရေးကြီးလက္ခဏာများ ရှိပါက မျက်စိဆရာဝန်နှင့် ချက်ချင်းပြသရန်လိုသည်။
Wilms Tumour (Nephroblastoma) (သန္ဓေသားကျောက်ကပ်ဆဲလ်များမှ ဖြစ်သောကင်ဆာ)
Wilms tumour သည် သန္ဓေသားကျောက်ကပ်ဆဲလ်များမှ ဖြစ်ပေါ်သည့် ကျောက်ကပ်ကင်ဆာဖြစ်ပြီး ကလေးကျောက်ကပ်ကင်ဆာများတွင် အဖြစ်အများဆုံးဖြစ်သည်။
Worm Infestation (သန်ကောင်တွယ်ခြင်း/သန်ကောင်ဝင်ရောက်ကူးစက်ခြင်း)
သန်ကောင်တွယ်ခြင်းသည် အလွန်အဖြစ်များပြီး ကောင်းစွာကုသမှု မခံယူပါက နောက်ဆက်တွဲ ပြဿနာများစွာ ဖြစ်ပေါ်စေနိုင်သည်။
Warts (ကြွက်နို့များ)
Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားရောဂါဖြစ်ပြီး စနစ်တကျ ကုသမှု ခံယူပါက ပျောက်ကင်းနိုင်သည်။



