CLL HEALTH ကျန်းမာသုတ
Varicocele (ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်း)
ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်း (Varicocele) သည် ဝှေးစေ့တစ်ဝိုက်ရှိ သွေးပြန်ကြောများ ပုံမှန်ထက် ဖောင်းကြွလာခြင်းဖြစ်ပြီး အများအားဖြင့် လက္ခဏာမပြသော်လည်း ပြင်းထန်ပါက နာကျင်မှုနှင့် ကလေးရရှိရန် ခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်သည့် အမျိုးသားများတွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။
Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)
သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်းသည် နာတာရှည်ရောဂါဖြစ်သဖြင့် ခြေထောက်ကို မြှင့်ထားခြင်း၊ အစိုဓာတ်ထိန်းဆေး လိမ်းခြင်းနှင့် ဖိအားပေးခြေအိတ် (Compression Stockings) ဝတ်ဆင်ခြင်းတို့ကို စနစ်တကျ ပြုလုပ်ခြင်းဖြင့် အနာဖြစ်ခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို အထိရောက်ဆုံး ကာကွယ်နိုင်သည်။
Ventricular Septal Defect (VSD) (နှလုံးသွေးလွှတ်ခန်းနံရံတွင် အပေါက်ပါခြင်း)
Ventricular Septal Defect (VSD) သည် နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာခြင်းမရှိသော အုပ်စု (Acyanotic CHD)ဝင် မွေးရာပါနှလုံးရောဂါတစ်မျိုးဖြစ်ပြီး အသက်ကြီးလာချိန်တွင် ပျောက်ကင်းနိုင်ခြေရှိသကဲ့သို့ တစ်ခါတစ်ရံ ခွဲစိတ်ကုသမှုနှင့် ဆေးဝါးကုသမှုများ လိုအပ်နိုင်သည်။
Vaginal Fistula (ယောနိလမ်းကြောင်း ဂရင်ဂျီနာ)
နောက်ခံအကြောင်းရင်း တစ်ခုခုကြောင့် ယောနိလမ်းကြောင်းနှင့် ဆီးလမ်းကြောင်း သို့မဟုတ် အစာဟောင်းအိမ်ကြား ဆက်သွယ်မှု ဖြစ်ပေါ်ကာ ဆီး၊ မစင်စသည်တို့ ယောနိလမ်းကြောင်းမှ ထွက်ကျနေခြင်းဖြစ်ပြီး များသောအားဖြင့် ခွဲစိတ်ကုသမှုဖြင့် ပျောက်ကင်းအောင် ပြုလုပ်ရသည်။
Vaginismus (မိန်းမကိုယ်ကြွက်သားများ သူ့အလိုအလျောက်တောင့်တင်းနေခြင်း)
မိန်းမကိုယ်ကြွက်သား သူ့အလိုအလျောက်တောင့်တင်းခြင်းသည် မိန်းမကိုယ်အား စမ်းသပ်ချိန် (သို့မဟုတ်) လိင်ဆက်ဆံချိန်တွင် အလိုအလျောက်ဖြစ်ပေါ်လာတတ်ပြီး လေ့ကျင့်ခန်းများ၊ ဆေးဝါးများဖြင့် သက်သာအောင် ကုသနိုင်သည်။
Varicose Veins of Lower Limb (ခြေထောက်သွေးပြန်ကြောထုံးခြင်း)
ခြေထောက်သွေးပြန်ကြောထုံးခြင်းဆိုသည်မှာ ပေါင်၊ ခြေသလုံးနှင့် ခြေချင်းဝတ်ရှိ အပေါ်ယံသွေးပြန်ကြောများ တဖြည်းဖြည်း ဖောင်းကား တွန့်လိမ်လာသောရောဂါဖြစ်ပြီး အန္တရာယ်မရှိသော်လည်း နာကျင်ခြင်း၊ လေးလံမှုကို ခံစားရခြင်းနှင့် အခြားနောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။



