CLL HEALTH ကျန်းမာသုတ
Undescended testis (Cryptorchidism) (ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း)
အချို့ကလေးများတွင် ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း တွေ့ရလေ့ရှိပြီး အသက် (၆) လနောက်ပိုင်းအထိ ဝှေးစေ့မဆင်းပါက အလိုအလျောက်ပြန်ဆင်းရန် နည်းပါးသွားပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သောကြောင့် ခွဲစိတ်ကုသရန် လိုအပ်သည်။
Umbilical Cord Prolapse (ချက်ကြိုးထွက်ကျခြင်း)
ချက်ကြိုးသည် မီးဖွားချိန်မတိုင်မီ မွေးလမ်းကြောင်းအပြင်သို့ထွက်ကျလာပါက သန္ဓေသားတွင် ပြင်းထန်သောအန္တရာယ်ရှိနိုင်ပြီး သေဆုံးသည်အထိဖြစ်နိုင်သောကြောင့် ချက်ချင်းကုသမှုပေးနိုင်ရန် လိုအပ်သည်။
Uterine Prolapse (သားအိမ်ကျွံကျခြင်း)
အသက်အရွယ်ကြီးလာခြင်းကြောင့် သားအိမ်ကို ထောက်ပံ့ပေးထားသော တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများနှင့် အရွတ်များအားနည်းရာမှ သားအိမ်ကျွံကျခြင်းဖြစ်သည်။
Urticaria (အင်ပြင်ထွက်ခြင်း)
ဓာတ်မတည့်ခြင်းကြောင့် အရေပြားပေါ်တွင် ရုတ်တရက် အနီရောင် အဖုအကွက်များထွက်ပြီး ယားယံစေသည့် တစ်ခါတစ်ရံ ပြင်းထန်နိုင်သော အခြေအနေဖြစ်သည်။
Urinary tract infection in adult (ဆီးလမ်းကြောင်းပိုးဝင်ခြင်း) (လူကြီး)
အသက်အရွယ်မရွေး ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နိုင်ပြီး လက္ခဏာများမှာ မသိသာတတ်သောကြောင့် ကုသမှုများနောက်ကျတတ်သည်။
Urinary tract infection in children [ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ကလေး)]
ကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် အဖြစ်များသော်လည်း အချိန်မီစစ်ဆေးကုသခြင်းနှင့် မှန်ကန်သော တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အကျင့်များက နောက်ဆက်တွဲကျောက်ကပ်ပြဿနာများမှ ကာကွယ်ပေးနိုင်သည်။



