CLL HEALTH ကျန်းမာသုတ
Tubal Patency test (သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်း)
သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်းသည် မျိုးမပွါးနိုင်ခြင်း၏ အဓိကအကြောင်းရင်းများကို တိကျစွာ ဖော်ထုတ်ပေးနိုင်ပြီး မိခင်လောင်းများအနေဖြင့် မှန်ကန်သော ကုသမှုလမ်းကြောင်းမှတစ်ဆင့် ကျန်းမာသန်စွမ်းသော ရင်သွေးရတနာကို ဘေးကင်းလုံခြုံစွာ ပိုင်ဆိုင်နိုင်စေမည့် အရေးကြီးစစ်ဆေးမှုတစ်ခုဖြစ်သည်။
Tympanoplasty (ပျက်စီးသွားသော နားစည်မြှေးအား အစားထိုးပြုပြင်ခြင်း)
ပျက်စီးပေါက်ပြဲသွားသော နားစည်မြှေးကြောင့် အကြားအာရုံဆုံးရှုံးခြင်းအား ပြန်လည်ပြုပြင်ပေးနိုင်သော ခွဲစိတ်မှုဖြစ်သည်။
Tympanostomy (နားစည်မြှေးတွင် အပေါက်ဖောက်၍ ပိုက်ထည့်သွင်းကုသခြင်း)
နားအလယ်ပိုင်း မကြာခဏ ပိုးဝင်ခြင်းနှင့် နာတာရှည်နားပိုးဝင်ရောင်ရမ်းခြင်းစသည့် အခြေအနေများတွင် နားအကြားအာရုံ ပြန်လည်ထိန်းသိမ်းရန် နားစည်မြှေးတွင် အပေါက်ဖောက်၍ ပိုက်ထည့်သွင်းကုသခြင်း လိုအပ်နိုင်သည်။
Tracheostomy (လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန် ထည့်ခြင်း)
လေပြွန်မကြီးတွင် ခွဲစိတ်၍ လေဝင်ပေါက်တစ်ခုပြုလုပ်ကာ အသက်ရှူပြွန်တပ်ဆင်ခြင်းဖြစ်ပြီး၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုများ သို့မဟုတ် ရေရှည်အသက်ရှူစက်အသုံးပြုရန် လိုအပ်သော လူနာများအတွက် အသက်ကယ်ကုထုံးအဖြစ် အသုံးပြုသည်။
Tattoo Removal (တက်တူးဖျက်ခြင်း)
တက်တူးဖျက်ခြင်းသည် အရေပြားအောက်ရှိ ဆေးမင်များကိုဖယ်ရှားခြင်းဖြစ်ပြီး တစ်ကြိမ်နှင့်မလုံလောက်ဘဲ အကြိမ်ကြိမ်ပြုလုပ်ရန် လိုအပ်နိုင်သည်။
Therapeutic Plasma Exchange (သွေးရည်ကြည် လဲလှယ်ခြင်းကုထုံး)
သွေးရည်ကြည်လဲလှယ်ခြင်းကုထုံးသည် သွေးရည်ကြည်ထဲမှ ရောဂါဖြစ်စေသော ပရိုတင်းများ၊ အဆိပ်အတောက်များနှင့် ပဋိပစ္စည်းများကို စက်ဖြင့် ဖယ်ရှားပြီး၊ သွေးရည်ကြည်အသစ် သို့မဟုတ် albumin ဖြင့် အစားထိုးပေးသော ဘေးကင်းပြီး ထိရောက်သည့် ကုသမှုနည်းလမ်းဖြစ်သည်။

