CLL HEALTH ကျန်းမာသုတ
Tetralogy of Fallot (TOF) (ချို့ယွင်းချက်လေးမျိုး စုပေါင်းဖြစ်ပေါ်နေသော မွေးရာပါနှလုံးရောဂါ)
Tetralogy of Fallot ဆိုသည်မှာ နှလုံးတွင် ချို့ယွင်းချက်လေးမျိုးပါရှိနေသော မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်သည်။
Thrombocytopenia in Pregnancy (ကိုယ်ဝန်ဆောင်မိခင်နှင့် သွေးဥမွှားနည်းရောဂါ)
ကိုယ်ဝန်ဆောင်ချိန်တွင် သွေးဥမွှားနည်းခြင်းသည် အများအားဖြင့် စိုးရိမ်စရာမရှိဘဲ မီးဖွားပြီးနောက် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားတတ်သော်လည်း၊ မိခင်နှင့်ကလေး အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ပုံမှန်သွေးစစ်ဆေးခြင်း၊ စနစ်တကျ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ အထူးကုဆရာဝန်များပူးပေါင်းညှိုနှိုင်းကုသခြင်းတို့ လိုအပ်သည်။
Toxic Shock Syndrome (ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု)
ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု (TSS) သည် ဘက်တီးရီးယားအဆိပ်အတောက်များကြောင့် ဖြစ်ပွါးပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးပေါ်အခြေအနေတစ်ခုဖြစ်ကာ ရာသီလာစဥ် ဂွမ်းတောင့် (Tampons) အသုံးပြုခြင်းနှင့် အများအားဖြင့် ဆက်စပ်မှုရှိနိုင်သည်။
Thyroid disease and pregnancy (ကိုယ်ဝန်ဆောင်မိခင်နှင့် သိုင်းရွိုက်ရောဂါ)
ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်စဉ် သိုင်းရွိုက်ရောဂါကို စနစ်တကျ စစ်ဆေးကုသခြင်းသည် ကျန်းမာသော ကိုယ်ဝန်ဆောင်မှုနှင့် သန္ဓေသား၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အခြေခံအုတ်မြစ်ဖြစ်သည်။
Transposition of great vessels – TGA (မွေးရာပါ သွေးလွှတ်ကြောမကြီးများ နေရာလွဲ ပြောင်းပြန်ဖြစ်ခြင်း)
မွေးရာပါ သွေးလွှတ်ကြောမကြီးများ နေရာလွဲပြောင်းပြန်ဖြစ်ခြင်း (TGA) သည် နှလုံးမှထွက်သော အဓိကသွေးလွှတ်ကြောကြီးနှစ်ခု နေရာမှားယွင်းနေသဖြင့် ခန္ဓာကိုယ်သို့ အောက်ဆီဂျင်ပြည့်ဝသော သွေးများ မရောက်ရှိနိုင်ဘဲ မွေးပြီးပြီးချင်း အရေးပေါ်ခွဲစိတ်ကုသမှု ခံယူရန်လိုအပ်သည့် ပြင်းထန်မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်သည်။
TORCH Syndrome (TORCH ရောဂါအစုအဝေး)
TORCH ရောဂါအစုအဝေးသည် ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားထံသို့ ကူးစက်၍ ရောဂါဖြစ်စေနိုင်သော ရောဂါပိုးများအားလုံးကို စုစည်းသတ်မှတ်ထားခြင်းဖြစ်ပြီး ကြိုတင်ကာကွယ်ကုသခြင်းဖြင့် ကလေးတွင် ဆိုးကျိုးများ လျော့နည်းစေနိုင်သည်။



