CLL HEALTH ကျန်းမာသုတ
Removal of Haemorrhoids (Haemorrhoidectomy) (လိပ်ခေါင်းခွဲစိတ်ဖြတ်ထုတ်ခြင်း)
လိပ်ခေါင်းရောဂါရှိသူအများစုသည် ခွဲစိတ်ကုသမှု ပြုလုပ်ရန် မလိုအပ်ဘဲ နေထိုင်မှုပုံစံ ပြောင်းလဲရုံဖြင့် သက်သာနိုင်သော်လည်း ရောဂါလက္ခဏာများ မကြာခဏ ပြန်ဖြစ်နေပါက သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပါက ခွဲစိတ်ဖြတ်ထုတ်ရနိုင်သည်။
Rhinoplasty (နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း)
နှာခေါင်းခွဲစိတ်ပြုပြင်ခြင်းကို အလှအပရေးရာအတွက်သာမက ကျန်းမာရေးဆိုင်ရာ အခြေအနေအမျိုးမျိုးအတွက် အကျိုးရှိစေရန် ပြုလုပ်ကြသည်။
Radiation Therapy (ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း)
ဓာတ်မှန်ရောင်ခြည်လှိုင်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ပျက်စီးစေသော ထိရောက်သည့် ကင်ဆာကုသနည်းတစ်ခုဖြစ်ပြီး ကောင်းကျိုးများစွာရှိသလို ဘေးထွက်ဆိုးကျိုးများလည်းရှိသည်။
Refractive Surgery (LASIK) (မျက်စိပါဝါအတွက် လေဆာကုထုံး)
အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်းစသည့် မျက်လုံး၏ အလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများကို ကုသရန် မျက်မှန်နှင့် မျက်ကပ်မှန်များတပ်ခြင်းအပြင် လေဆာကုထုံးဖြင့်လည်းကုသနိုင်သည်။
Renal or kidney biopsy (ကျောက်ကပ် အသားစယူ စစ်ဆေးခြင်း)
ကျောက်ကပ်မှ သေးငယ်သော တစ်ရှူးအပိုင်းအစလေးများကို ထုတ်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှုစစ်ဆေး၍ ရောဂါရှာဖွေခြင်းဖြစ်သည်။

