CLL HEALTH ကျန်းမာသုတ
Pulmonary hypertension (အဆုတ်သွေးတိုးခြင်း)
အဆုတ်သွေးတိုးခြင်းသည် နှလုံးနှင့် အဆုတ်ရောဂါအမျိုးမျိုးကြောင့် ဖြစ်ပွါးနိုင်ပြီး လုံးဝပျောက်ကင်းအောင် ကုသ၍မရနိုင်သော်လည်း စောစီးစွာရောဂါရှာဖွေကုသခြင်းနှင့် နေထိုင်မှုပုံစံပြုပြင်ခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေကာ သက်တမ်းပိုမိုရှည်ကြာစေနိုင်သည်။
Patent Ductus Arteriosus – PDA (မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်းအပို ပွင့်နေခြင်း)
နှလုံးသွေးလွှတ်ကြောမကြီးနှစ်ခုကြားရှိ လမ်းကြောင်းသည် မွေးဖွားပြီးနောက်တွင် ပုံမှန်အတိုင်း ပိတ်သွားရမည့်အစား မပိတ်ဘဲ ဆက်လက်ပွင့်နေသည့် မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (PDA) သည် စောစီးစွာ ရှာဖွေဖော်ထုတ်ပြီး စနစ်တကျ ကုသမှုခံယူပါက ကလေးငယ်များအား ပုံမှန်ကျန်းမာသော ဘဝကို ပြန်လည်ရရှိစေနိုင်သည့် မွေးရာပါနှလုံးအခြေအနေတစ်ခုဖြစ်သည်။
Patellofemoral Pain Syndrome (ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်း လက္ခဏာစု)
ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်း လက္ခဏာစု (Patellofemoral Pain Syndrome) သည် ဒူးဆစ်အလွန်အကျွံ အသုံးပြုခြင်းနှင့် လှုပ်ရှားမှု အနေအထား မမှန်ခြင်းတို့ကြောင့် ဖြစ်ပွါးတတ်ပြီး၊ တိကျသော ရောဂါရှာဖွေမှုနှင့် လေ့ကျင့်ခန်းကုထုံး၊ လှုပ်ရှားသွားလာမှုပုံစံ ပြုပြင်ပြောင်းလဲခြင်းနှင့် ကာကွယ်မှုနည်းလမ်းများဖြင့် ထိရောက်စွာ ကုသပျောက်ကင်းနိုင်သော ဝေဒနာတစ်ခုဖြစ်သည်။
Prader-Willi Syndrome – PWS (ပရာဒါဝီလီ ရောဂါစု)
Prader-Willi Syndrome သည် ဖခင်ထံမှရရှိသော ခရိုမိုဆုမ်း နံပါတ် (၁၅) ချို့ယွင်းမှုကြောင့် ဖြစ်ပွါးသည့် မျိုးဗီဇရောဂါတစ်ခုဖြစ်ပြီး၊ ကလေးဘဝတွင် အစားအသောက် အလွန်အကျွံစားချင်စိတ် (Hyperphagia) နှင့် ကြွက်သားအားနည်းခြင်းတို့ကို အဓိကဖြစ်စေကာ ရေရှည်တွင် အဝလွန်ခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဆက်လက်ဖြစ်ပေါ်စေသည်။
Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)
ပါတောင်း ဆင်ဒရုန်း (Patau Syndrome) သည် ခန္ဓာကိုယ်အင်္ဂါအစုံတွင် ပြင်းထန်သော ချို့ယွင်းချက်များကို ဖြစ်စေသောကြောင့် သန္ဓေသားအများစုမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း သေဆုံးတတ်ပြီး အသက်ရှင်လျက်မွေးဖွားလာသည့် ကလေးငယ်များတွင်လည်း ပထမတစ်နှစ်အတွင်း ရှင်သန်နိုင်ခြေ ၁၀ ရာခိုင်နှုန်းအောက်သာရှိသည့် အသက်အန္တရာယ်အလွန်စိုးရိမ်ရသော မျိုးဗီဇဆိုင်ရာ အခြေအနေတစ်ရပ်ဖြစ်သည်။
Polycythemia or Erythrocytosis (သွေးနီဥများ၍ သွေးပျစ်ခြင်း)
သွေးနီဥများ၍ သွေးပျစ်ခြင်းသည် မပြင်းထန်သော အကြောင်းရင်းများကြောင့် ဖြစ်နိုင်သကဲ့သို့ ပြင်းထန်သော သွေးရောဂါများကြောင့်လည်း ဖြစ်နိုင်ပြီး၊ သွေးခဲပိတ်ဆို့ခြင်းကဲ့သို့ အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။



